ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Oct 2024

      မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဝါးတောချောင်ကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ရွှေဖရုံသီး စိုက်ဧက ၆ ဧက ခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။

29 Oct 2024

        ချောင်းဆုံမြို့နယ်၊ ခလော့ခနိုင်းကျေးရွာရှိ‌ တောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများနှင့် နေအိမ်ခြံဝန်းများတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

29 Oct 2024

            မွန်ပြည်နယ်တွင် အောက်တိုဘာလ တတိယအပတ်မှစ၍ ရော်ဘာခြံရှင်များအနေဖြင့် ရော်ဘာအစေးလှီးခြင်းကိုစတင်နေပြီဖြစ်ပါသည်။ ရောင်ဝယ်မှုအနေဖြင့် ပြည်နယ်တွင်းဝယ်ယူ လျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့တင်ပို့ပြီး ကုမ္ပဏီကြီးများမှတစ်ဆင့် ပြည်ပသို့တင်ပို့ရော

29 Oct 2024

         ချောင်းဆုံမြို့နယ်သည် တောင်ကုန်းတောင်တန်းများသည့် ကျွန်းမြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည်။ ချောင်းဆုံမြို့နယ်ရှိ ချောင်းဆုံခြံတန်းကျေးရွာတွင် ပိန်းဥစိုက်ပျိုးခြင်းဖြင့် တောင်သူများဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။

29 Oct 2024

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် စပါးနှင့် ဆီထွက်သီးနှံများအပြင် ပဲမျိုးစုံကိုလည်း စိုက်ပျိုးကြောင်းသိရသည်။ ယခုအခါ မတ်ပဲသီးနှံများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး အောက်တိုဘာစတုတ္ထပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲထွက်တိုးတစ်တင်းလျှင် (၁၀၂၀၀၀)ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် (၉၈၀၀၀)ကျပ်ဖြင့် အ

Pages