ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ မီးလောင်ကျေးရွာတွင် ဖူးစားပြောင်းများစိုက်ပျိုးထားရှိသဖြင့် မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၁၀-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဈေးနှုန်းဈေးကွက်များသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်၊ သံကြိုးတန်းလမ်းတွင် သီတင်းကျွတ်အခါကာလ ရောင်စုံမီးပုံများထုတ်လုပ်ရောင်းချနေသော လုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ပါသည်။ ထိုသို့သွားရောက်လေ့လာရာတွင် မီးပုံးလုပ်ငန်းကို ဝါခေါင်လတွင်စတင်လုပ်ကိုင်ပြီး သီတင်းကျွတ်လတွင် ရောင်းချကြပါသည်။ မီးပုံးလုပ်ငန်းလုပ်ကိုင်ရန်အတွက် နှီးပိဿာချိန် ၁၀၀ ကုန်ကျပါသည်။ နှီးအပြင်
လူအများသည် ဘုရားပန်းကပ်လှူရာတွင်လည်းကောင်း၊ ပန်းအလှဆင်ရာတွင်လည်းကောင်း ပန်းများကိုအသုံးပြုကြပါသည်။ သို့သော်လည်း ယခုအချိန်တွင် ပန်းမျိုးစုံဈေးများ သိသိသာသာမြင့်တက်လာခဲ့ပါသည်။ ယခင်နှစ်တွင် ရောင်းချခဲ့သောပန်းဈေးများမှာ ဂန္ဓမာပန်း(အဖြူ)အပွင့်ကြီး (၁၀)ပွင့်ပါတစ်စည်းလျှင် (၃၀၀၀)ကျပ်၊ ယခုနှစ်တွင် (၁၀)ပွင့်ပါတစ်စည်းလျှင် (၅၀၀၀)ကျပ်ဖြင့်ရောင်းချသဖြင့် တစ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ တောင်လုံးညိုကျေးရွာရှိ တောင်သူ ဦးအောင်ကိုမင်း၏ ဂန္ဓမာအဝါကြီးပန်းမျိုးစိုက်ပျိုးသော စိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ရာ ဂန္ဓမာပန်းစိုက်ပျိုးရာတွင် ယခင်နှစ်က အညွန့်ဖြတ်၍စိုက်ပျိုးခြင်း၊ ကိုင်းကိုဖြတ်၍ ကျန်သည့်အမြစ်ပါကိုင်းအားပျိုးခြင်း စသည်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသည့်အပင်ရေမှာ ၅၀၀၀ခန့်စိုက်ပျိုးထားပြီး စိုက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် မတ်ပဲဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးသီတင်းပတ်တွင် ပိဿာ (၂၀) တစ်တင်းလျှင် အနိမ့်ဆုံး (၁၃၀၀၀၀) ကျပ်မှ အမြင့်ဆုံး (၁၃၁၀၀၀) ကျပ်ထိရှိပြီး ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းတွင် ပိဿာ ၂၀ တစ်တင်းလျှင် (၁၂၁၀၀၀)ကျပ်ခန့်မှ (၁၂၁၄၀၀) ကျပ်ထိရှိပါသည်။ မတ်ပဲများတင်ပို့မှ