ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာ၊ ပြောင်းနှင့် အခြားမီးဖိုချောင်သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီးဖြစ်၍ စပါးအဓိကစိုက်ပျိုးထွက်ရှိရာ အခြားတိုင်း/ပြည်နယ်များမှ တင်သွင်းရပါသည်။ မင်းဘူး၊ ပွင့်ဖြူ၊ စလင်း၊ မြို့သစ်၊ တောင်တွင်းကြီးမြို့တို့တွင် ဧရာပဒေသာစပါးကို အဓိကစိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ မေလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း စပါးဈေးနှုန်းများမှာ ဧရာပဒေသာ(၁)တင်းလျှင် ကျပ်(၃၈၀၀၀-၃၉၀၀၀)၊ မ
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

ကျိုက်မရောဒေသထွက် ယိုးဒယားကိုင်းဆက်ဒူးရင်းသီးနှင့် ဗမာဒူးရင်းသီးများ ယခုချိန်၌ လှိုင်လှိုင်ထွက်ရှိလာပြီး ဈေးကွက်အတွင်း၌ ရောင်းအားကောင်းလျက်ရှိကြောင်းသိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ရည်ညွှန်းပါစာလမ်းညွှန်ချက်အရ ဆန်စပါးဆိုင်ရာ အပတ်စဉ်လေ့လာသုံးသပ်ချက်(အကျဉ်းချုပ်) ၁၈/၂၀၂၄ အား သိရှိလမ်းညွှန်မှုပြုနိုင်ပါရန် တင်ပြအပ်ပါသည်။
