
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်ရှိ ရှမ်းချောင်းကုန်စိမ်းဈေးသို့ ရှမ်းပြည်နယ် တောင်ပိုင်း အင်းလေး၊ အောင်ပန်းနှင့် အခြားဒေသများမှ ယခင်လထက်ပိုမိုဝင်ရောက်လာကြောင်း သိရှိရပါသည်။ မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ် (တောင်ပိုင်း) အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။ ဗမာခရမ်းချဥ်သီးမှာ အခွံပါးပြီး အနှစ်များသော်လည်း တာရှည်အထားခံမှုမရှိ၍ ဈေးကွက်အတွင်း ဝယ်ယူသူနည်း၍ ဈေးကွက်သို့ဝင်ရောက်မှုနည်းကြောင်း ထိုင်ဝမ်ခရမ်းချဥ်သီးမျိုးမှာ အခွံထူ၍ အထားခံသော ကြောင့် ဝယ်ယူသူများပိုမိုများပြားကြောင်းလည်း သိရှိရပါသည်။ ယခုသြဂုတ်လနောက်ဆုံးပတ်တွင် ခရမ်းချဥ်သီးတစ်ပိဿာလျှင် (၄၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)