ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များတွင် အောက်တိုဘာလဒုတိယအပတ်တွင် ရောင်းချနေသော ပစ္စည်း ဈေးနှုန်းများမှာ ဆင်အမှတ်တံဆိပ် အိမ်မိုးသွပ် (အပါး) ၁ပေလျှင် ၁၂၀၀ကျပ်၊ ဆင်အမှတ်တံဆိပ် အိမ်မိုးသွပ် (အထူ) ၁ပေလျှင် ၁၆၅၀ကျပ်၊ ကြယ်စိမ်း အမှတ်တံဆိပ် အိမ်မိုးသွပ် ၁ပေလျှင် ၁၇၀၀ကျပ်၊ သွပ်သံ (၂လက်
ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ အောင်ဇေယျဈေးအတွင်း၌ သစ်သီးမျိုးစုံရောင်းချသောဆိုင်ပေါင်း (၈)ဆိုင်ခန့်ရှိပြီး နေ့စဉ် ပိတ်ရက်မရှိဘဲ နံနက် (၀၆:၀၀) နာရီမှ နေ့လယ် (၁၄:၀၀)နာရီအချိန်ထိရောင်းချလျက်ရှိပြီး ရာသီအလိုက် ကဗ္ဗလာသီး၊ နဂါးမောက်သီး၊ သင်္ဘောသီး၊ ထောပတ်သီး၊ ပျားလိမ္မော်၊ ပန်းသီး စသည့်သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများမှတစ်ဆင့်ယူ၍ ရောင်းချကြောင်း
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေး ပွဲရုံများတွင် ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်စက်တင်ဘာလတတိပတ်နှင့် စတုတ္တပတ်တွင် ရောင်းဝယ်ခဲ့သောဈေးနှုန်းနှင့် ကွာဟမှုမရှိဘဲ အရောင်းအဝယ်ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ပြီးခဲ့သော စက်တင်ဘာလတတိယပတ်တွင် ရောင်းဝယ်ခဲ့သော မတ်ပဲဈေး နှုန်းမှာ ပိဿာ (၂၀) တစ်တင်းလျှင
ဝါလကင်းလွတ် သီတင်းကျွတ်တော့မည်ဖြစ်ရာ သီတင်းကျွတ်ပွဲတော်တွင် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်အများစုသည် ဘုရား၊ သိမ်၊ ကျောင်းများတွင် ဘုရားပန်း၊ ဆီမီးနှင့် ဖယောင်းတိုင်များကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှုများပြုလုပ်ကြပါသည်။
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် ရေမြေသဘာဝအရ တောင်ကျချောင်းကြီး(၃)ခု စီးဆင်းလျက်ရှိပြီး အချို့သောဒေသခံတို့သည် စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကြောင်းလုပ်ကိုင်၍ အဆင်ပြေလျက်ရှိပါသည်။ စပါး၊ မတ်ပဲ တို့အဓိကစိုက်ပျိုးသည့် အပြင် ဂေါ်ဖီ၊ ငရုတ်၊ သခွားကဲ့သို့ ရာသီပေါ်သီးနှံများလည်း စိုက်ပျိုးထွက်ရှိပါသည်။