ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပခုက္ကူကုန်စည်ဒိုင်တွင် ပဲစဉ်းငုံ၊ ပဲနောက်စိမ်းသေး၊ ကုလားပဲ (V6)၊ ပဲတီစိမ်းကြီး၊ ကုလားပဲ (HL)၊ ပဲယင်းနီ၊ မတ်ပဲများ အရောင်းအဝယ်ဖြစ်လျက်ရှိသည့်အပြင် နှမ်းညို၊ နှမ်းဝါ(ယော)သီးနှံများလည်း စတင်ဝင်ရောက်လာပြီဖြစ်ပါသည်။
ပဲစဉ်းငုံ
၁၁.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
၁၁.၉.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
ဘားအံမြို့၊ ရေပေါ်ဈေးတွင် လာရောက်ရောင်းချလျက်ရှိသော ဒူးရင်းဆိပ် ရေချိုချောင်းပုစွန် များမှာ အရောင်းအဝယ်သွက်လျက်ရှိကြောင်းသိရသည်။
စားသုံးသူများအနေဖြင့် ကုန်ကျစရိတ်ချွေတာရန်နှင့် တွက်ခြေကိုက်စေရန်အတွက် တန်းဖိုးသင့်သည့်ရေငန်ငါးများကို ရွေးချယ်စားသုံးလာကြကြောင်းသိရသည်။ ဘားအံမြို့၊ ရေပေါ်ဈေးတွင် ရောင်းချလျက်ရှိသောရေငန်ငါးဈေးနှုန်းများမှာ ပလာတူး ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ရွှေငါး ၁ပိဿာလျှင် ၇၀၀၀ကျပ်၊ ငါးဝိုင်း ၁ပိဿာလျှင် ၆၀၀၀ကျပ်၊ ငါးမုတ်ဖြူသေး ၁ပိဿာလျှင် ၆၀၀၀ကျ