ပြည်တွင်းကုန်သွယ်မှုသတင်းများ
အခြေခံစားသောက်ကုန်ဈေးနှုန်းများ အစစအရာရာဈေးနှုနန်းမြင့်တက်လာခြင်းနှင့်အတူ အသားငါးဈေးနှုန်းများမှာလည်း ဈေးနှုန်းမြင့်တက်လျက်ရှိပြီး အသားငါးဈေးနှုန်းများအနက် မွေးမြူရေးသား/ ငါးများထက် ဒေသထွက်ရေချိုငါးများမှာ ဈေးကောင်းလျက်ရှိသည်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမှ ထွက်ရှိသော သံပုရာသီး၊ ရှောက်သီးများသည် ဘားအံမြို့သို့ ဝင်ရောက်လျက်ရှိပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်၊၊
အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်လာခြင်းနှင့်အတူ စားသုံးသူများအနေဖြင့်ဈေးနှုန်း သင့်တင့်သော ကုန်စည်များကို ရွေးချယ်ဝယ်ယူစားသုံးလာသကဲ့သို့ ရောင်းချသူများအနေဖြင့်လည်း မိမိတို့၏ ကုန်စည်များကို နည်းလမ်းများရှာကြံ၍ ပုံစံအမျိုမျိုးဖြင့် ရောင်းချလာကြသည်။
မိုးရာသီတွင် ပန်းဝင်ရောက်မှုနည်းလာ၍ ပန်းဈေးများအနည်းငယ်မြင့်တက်လာသော်လည်း တောင်ကြီး ဂန္ဓာမာပန်းများမှာ ဈေးကွက်အတွင်း ဝယ်သူကြိုက်၍ အရောင်းသွက်လျက်ရှိကြောင်း သိရသည်။
ဝါသီးနှံကို မိုးကြိုရာသီ၊ မိုးရာသီနှင့် မိုးနှောင်းရာသီများတွင် စိုက်ပျိုးလေ့ရှိပါသည်။ မိုးကြိုရာသီတွင် ဖေဖော်ဝါရီလလယ်မှ ဇွန်လကုန်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီတွင် မေလလယ်မှ ဇွန်လကုန်အတွင်း စိုက်ပျိုး၍ မိုးနှောင်းရာသီတွင် ဇူလိုင်လမှ ဩဂုတ်လလယ်အတွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ အပင်သန်မာဖြစ်ထွန်းရန်နှင့် ဝါအထွက်နှုန်းကောင်းစေ