ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်း၊ ပုပ္ပါးနယ်မှထွက်ရှိသော ကီလိုမာလကာသီးများ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကီလိုမာလကာသီးသည် ဗီတာမင်စီများစွာကြွယ်ဝသော အသီးလည်းဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်သော အသီးလည်းဖြစ်ပါသည်။ ကျောက်ပန်းတောင်းနှင့် ပုပ္ပါ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ပြည်ပဝယ်လက်ပဲတချို့ ဈေးမြင့်တက်လာသော်လည်း ပြည်တွင်းစားသုံးမှုများသော ပြည်တွင်းဝယ်လက်သမားများ အဓိကဝယ်ယူသောပဲများထဲတွင် ပဲနီပြား၊ ထောပတ်ပဲ၊ စားတော်ပဲဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ အဆိုပါပဲများထဲမှ ပဲနီပြားသီးနှံသည် ယခုနှစ်တွင် ဈေးကောင်းဝင်သော ပဲသီးနှံထဲပါဝင်နေပြီး ယခုလအတွင်
ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မိုးမြေပဲများထွက်ရှိနေပြီဖြစ်သော ကသစ်တိုင်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာရှိ တောင်သူဦးဟန်ဝင်း၏ နုတ်သိမ်းနေပြီဖြစ်သော မိုးမြေပဲ(၅)ဧကစိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ပါသည်
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သော မယ်ဇလီတော၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်စသည့် ကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်ကျေးရွာ၌ ကီလိုမာလကာသီးကို ဥယျာဉ်ခြံမြေများတွင်လည်းကောင်း၊ အိမ်ခြံဝန်းအတွင်း၌လည်းကောင်း စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ဆင်ဖြူကျွန်းမြို့တွင် စိုက်ပျိုးလေ့ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ အာလူးများဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။