ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရွှေတောင်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိဝန်ထမ်းများသည် (၉-၁၀-၂၀၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် မိုးမြေပဲများထွက်ရှိနေပြီဖြစ်သော ကသစ်တိုင်းကျေးရွာအုပ်စု၊ ကသစ်တိုင်းကျေးရွာရှိ တောင်သူဦးဟန်ဝင်း၏ နုတ်သိမ်းနေပြီဖြစ်သော မိုးမြေပဲ(၅)ဧကစိုက်ခင်းသို့ သွားရောက်လေ့လာခဲ့ပါသည်
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သော မယ်ဇလီတော၊ ပန်းတော်ပြင်၊ ဥယျာဉ်၊ ရွာတော်စသည့် ကျေးရွာများတွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပန်းတော်ပြင်ကျေးရွာ၌ ကီလိုမာလကာသီးကို ဥယျာဉ်ခြံမြေများတွင်လည်းကောင်း၊ အိမ်ခြံဝန်းအတွင်း၌လည်းကောင်း စီးပွားဖြစ်တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပါသည်။ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ဆင်ဖြူကျွန်းမြို့တွင် စိုက်ပျိုးလေ့ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် ဈေးကွက်အတွင်း ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ အာလူးများဝင်ရောက်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
ယခုစက်တင်ဘာလ နောက်ဆုံးအပတ်၌ ပြည်ဈေးကွက်အတွင်း ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်မှုရှိလာသော ရှမ်းပန်းဂေါ်ဖီပွင့်များသာရှိပြီး တစ်လလျှင် (၂)ကြိမ်ခန့်သာအဝင်ရှိနေပါသည်။ (၁)ကြိမ်ဝင်လျှင် အပွင့်(၂၅)ပွင့်ပါ၍ (၃၀)ခန့်အဝင်ရှိကြောင်းသိရပြီး အဝင်ရှိသလောက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ ဈေးနှုန်းမှာ တစ်ပွင့်လျှင် ပြည်ဈေးကွက
ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်ဒေသအတွင်းရှိသော မှော်ဇာရွာ၊ တောင်လုံးညိုရွာ၊ ပုတီးကုန်း၊ သဲကုန်းဒေသများတွင် မုန်လာဥဖြူများလှိုင်လှိုင်ထွက်ပေါ်နေပြီး ယခင်နှစ်ထက်ပို၍ ဈေးကောင်းရရှိကြောင်းသိရပါသည်။ စက်တင်ဘာလတွင် မုန်လာဥဖြူများ ဈေးကွက်အတွင်း၌ ရောင်းချနေသည့်ဈေးနှုန်းများမှာ အလုံးချော (၅)လုံးပါ တစ်တွဲလျှင် (၂၀၀၀)က