ပျဉ်ပုံကြီး၊ ကိုင်းတာရွာသစ်မှ သံရည်ကျိုလုပ်ငန်း

Powered by Drupal

           ပဲခူးခရိုင်၊ ပျဉ်ပုံကြီးရှိ ကိုင်းတောရွာသစ်တွင် သံရည်ကျို ပုံလောင်းလုပ်ငန်းကို အများဆုံးလုပ်ကိုင်လျက်ရှိကြောင်း သိရှိရသည်။  သံရည်ကျိုလုပ်ငန်းအား လုပ်ဆောင်ရာတွင် ကုန်ကြမ်းအနေဖြင့် သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံအထည်ဟောင်းများကို အသုံးပြုကြောင်း၊ ကုန်ကြမ်းများအား ဒေသအတွင်းမှပင် ဝယ်ယူကြောင်း သိရှိရသည်။ တစ်နေ့လျှင် နန်းဆွဲ တစ်တန်ခွဲထုတ်လုပ်လျက်ရှိပြီး တစ်လလျှင် ပျှမ်းမျှ ရက် ၃၀ ခန့် ထုတ်လုပ်ကြောင်း သိရှိရသည်။ တစ်နေ့ သံရည်ကျို ၄ တန်ထုတ်လုပ်ပြီး  တစ်လပျှမ်းမျှ ၂၄ ရက်ခန့် ထုတ်လုပ်ကြောင်း သိရသည်။

         သံနန်းဆွဲအနေဖြင့် အိမ်ဆောက်အုတ်ဖိနပ်တိုင်တွင်ထည့်၍ အသုံးပြုသော ကျင်တွယ် တစ်ပိဿာလျှင် ၅၀၀၀မှ ၅၅၀၀ ကျပ်ထိ ရောင်းချပြီး ထုတ်ကုန်အနေဖြင့် လယ်ယာသုံးပစ္စည်းအနေဖြင့် ထွန်စက်နောက်တွဲတွင် အသုံးပြုသော ဘောအိမ်များ၊ အိုးစည်များ၊ ထည်ပိတ်များအား ထုတ်လုပ်လျက်ရှိပြီး  ၁ပိဿာလျှင် ၉၀၀၀ ကျပ်၊ ခြံစည်းရုံးသံပန်းများတွင် အသုံးပြုလျက်ရှိသော သံကြွပ်ပန်း  ၁ ပိဿာ လျှင် ၄၅၀၀ ကျပ် ခန့် ရောင်းချကြောင်း သိရှိရပါသည်။ လုပ်သားဦးရေအနေဖြင့် ၆၀ ခန့်ရှိပြီး လက်ရှိသံရည်ကျိုနှင့် သံနန်းဆွဲများအား ကျင်တွင်နှင့် ဖလပ်ပြား၊ ဓား၊တံစဉ်၊ သံ၊ စက်သွားသံများကို သာပြုလုပ်နိုင်ပြီးသံရည်ကျိုနှင့် သံနန်းဆွဲများကို အဆင့်မြှင့်ထုတ်လုပ်မည်ဆိုပါက ဆောက်လုပ်ရေးတွင် အသုံးပြုသော ဟောလိုထုတ်လုပ်ရန်စက်များ၊ သွပ်လိပ်ထုတ်လုပ်ရန်စက်များကို လိုအပ်လျက်ရှိပြီး   ၎င်းစက်များကိုသာ အသုံးပြုနိုင်ပါက ဟောလိုများ၊ သွပ်များကို ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊   ထပ်မံအဆင့်မြှင့်ပါက  ကြံစစ်သံချောင်းများအားပြုလုပ်နိုင်ရေး ထပ်မံတိုးချဲ့ ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း  သံနန်းဆွဲနှင့် သံရည်ကျို ကုန်ချောများကို  ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ကော့သောင်းမြို့များသို့ တင်ပို့ရောင်းချကြောင်းသိရှိရပြီး  အရောင်းအဝယ်အနေဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုက်သင့်သော အကျိုးအမြတ်ရရှိပြီး   ပဲခူးတိုင်းဒေသကြီး၏ အသေးစား၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်ကဒ်လည်း ရရှိပြီးဖြစ်ကြောင်း သံရည်ကျိုပုံလောင်း လုပ်ငန်းပိုင်ရှင် ဦးအေးဝင်း၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)