ကန့်ဘလူမြို့နယ်၏ မိုးစပါးစိုက်ပျိုးမှုနှင့် တောင်သူအကျိုးအမြတ်ရရှိမှုအခြေအနေ

Powered by Drupal

                  စစ်ကိုင်းတိုင်းဒေသကြီး၊ ‌‌ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ‌စပါးကိုအဓိက စိုက်ပျိုးကြောင်း၊ ၂၀၂၆ ခုနှစ်တွင် မိုးစပါး စိုက်ပျိုးရိတ်သိမ်းမှုအနေဖြင့် ကန့်ဘလူမြို့နယ်တွင် ဧကတစ်သိန်းငါးသောင်းကျော်စိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ကြောင်း ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာန၏ စာရင်းများအရ သိရသည်။

             မိုးရေသောက်ကွင်းများဖြစ်သည့်အတွက် မိုးစပါးဧရာမင်းမျိုးကို အများဆုံးစိုက်ပျိုးကြပြီး စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အနေဖြင့် မျိူး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ၇၀၀,၀၀ဝ ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ၇၀ တင်း ထွက်ရှိရာ စိုက်ပျိုးမြေအနေအထားနှင့် သီးနှံဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ အထွက်နှုန်းများ ကွာခြားမှုရှိကြောင်း၊ ပေါ်ချိန်ဈေးနှုန်းအနေဖြင့် ဧရာမင်းစပါး(အသစ်)တစ်တင်းလျှင်  ၂၀,၀၀၀ကျပ်၊ ဈေးကွက်အနေဖြင့် မြို့ပေါ်ရှိပွဲရုံများ ၊ ဆန်စက်များသို့‌ တင်ပို့ရောင်းချကြပြီး ပွဲရုံများ မှတစ်ဆင့် ရွှေဘိုမြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၇၀၀,၀၀၀ ခန့်ရရှိကာ ရာသီးဥတုကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုရရှိနိုင်ကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)