
မုံရွာမြို့ရှိ စားဖိုဆောင်သီးနှံဖြစ်သော ကြက်သွန်နီများသည့် ပွဲရုံများသို့ ဝင်ရောက်မှုနည်းလာ၍ ဝယ်လိုအားများလာသဖြင့် ဈေးအနည်းငယ်မြင့်တက်နေကြောင်း သိရသည်။ ပွဲရုံများတွင် ကြက်သွန်နီလက်ကျန်နည်းပါးလာပြီး နေ့စဉ် ကြက်သွန်နီဝင်ရောက်မှုမှာ ပိဿာ ၁၀၀၀၀ ခန့်သာ ရွှေဇလုပ်၊ ကျွဲရဲရွာများမှ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ဈေးကွက်အနေဖြင့် ရန်ကုန်၊ မန္တလေး၊ မုံရွာမြို့နှင့် ချင်းတွင်းမြစ်ကမ်းဘေးတစ်လျှောက် တင်ပို့လျက်ရှိသည်။ ကြက်သွန်ဖြူ ဈေးမှာလည်း အနည်းငယ်မြင့်တက်နေကြောင်း သိရသည်။
ယခုတစ်ပတ်အတွင်း ပွဲရုံများ၌ ကြက်သွန်နီလက်ကားတစ်ပိဿာပေါက်ဈေး (ကြီး ) ၅၀၀၀-၅၇၀၀ ကျပ်၊ (လတ်) ၄၀၀၀ - ၄၅၀၀ ကျပ်၊ (သေး) ၂၅၀၀-၃၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာလျှင် ဗမာဖြူ ၈၀၀၀ ကျပ်၊ ကြူကုတ် တစ်ပိဿာ ၅၀၀၀ ကျပ်တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပြီး ဇူလိုင်လမှ စ၍ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
