ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကန့်ဘလူမြို့တွင်ရောင်းချနေသော သစ်သီးဝလံများမှာ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့ နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးမြို့ရှိသစ်သီးပွဲရုံများမှ အသီးသီး ဝင်ရောက်လျက်ရှိသည်။
မုံရွာမြို့၊ ချင်းတွင်းရတနာစျေး၌ ရောင်းချနေသော ပုဇွန်ခြောက်၊ ငါးခြောက်များမှာ ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်ကြောင်း သိရပါသည်။ ပုဇွန်၊ ငါးခြောက်စျေးနှုန်းများမှာ ဝင်ရောက်သည့် ဒေသအပေါ် မူတည်၍လည်းကောင်း၊ အရည်အသွေးကိုလိုက်၍လည်းကောင်း ကွာခြားလျက်ရှိပါသည်။
မုံရွာမြို့ သီရိရတနာစျေးရှိ သစ်သီးဝလံများမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ မြစ်ကြီးနား၊ သီပေါ၊ စစ်ကိုင်း၊ ပြင်ဦးလွင်နှင့် ဒေသတွင်းတို့မှ အသီးသီးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/6.20_3.jpg?itok=Z-7uLu0u)
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ ဈေးများတွင် ယခုရက်သတ္တပတ်အတွင်း ရွှေဘိုပေါ်ဆန်း (သစ်) (တစ်အိတ်)လျှင် ၁၀၀၀၀၀ကျပ်၊ ဧရာမင်း(ဆန်)(သစ်)(တစ်အိတ်)လျှင် ၁၀၅၀၀၀ ကျပ်၊ ဧည့်မ ထဆန်(သစ်)(တစ်အိတ်)လျှင် ၇၅၀၀၀ ကျပ်၊ ပဲဆီ(တစ်ပိဿာ)လျှင် ၁၃၄၅၀-၁၃၅၀၀ ကျပ်၊ နှမ်းဆီ (တစ်ပိဿာ)လျှင် ၁၂၃၀၀ ကျပ်၊ နေကြာဆီ(တစ်ပိဿာ)လျှင်၁၂၃၀၀ကျပ်၊ စားအုန်းဆ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/21.21_1.jpg?itok=2LQKWDD5)
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာရှိ ဝါးခမောက်လုပ်ငန်းသည် ဈေးကွက်ရရှိထားသောလုပ်ငန်းဖြစ်ပါသည်။ ဝါးခမောက်လုပ်ငန်းလုပ်ကိုင်သူများမှာ တောင်သူလယ်သမားမိသားစုများဖြစ်ပြီး လယ်ယာလုပ်ငန်းခွင်ကျော်လွန်၍ အားလပ်သည့်ကာလတွင် မိသားစုအပိုဝင်ငွေရရှိစေရန် လုပ်ကိုင်ကြခြင်းဖြစ်ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/145.jpg?itok=XsIpI1bj)