ပြည်တွင်းကုန်သွယ်မှုသတင်းများ
ယခုအချိန်ရာသီကာလသည် ကြက်မောက်သီးများ လှိုင်လှိုင်ပေါ်ချိန်ဖြစ်ရာ ပဲခူးဈေးကွက်အတွင်းသို့ ကြက်မောက်သီးများ စတင်ဝင်ရောက်လျက်ရှိနေပြီဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ကြက်မောက်သီးများအား မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို ၊ ဘီးလင်း ၊ သထုံ ၊ မော်လမြိုင်မြို့များမှ အများဆုံးဝင်ရောက်လျက်ရှိကြောင်း သိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3.16.jpg?itok=C2O58GzE)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိသော မြို့နယ်များဖြစ်သည့် သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်မြို့များ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌကြီးကြပ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/133_2.jpg?itok=gGIXPXek)
ပဲခူးမြို့၊ တောင်သူစုကျေးရွာတွင် တောင်ကြီးပဲပွကြော်၊ စားတော်ပဲကြော်၊ ပဲလွန်းကြော်၊ နှစ်ပြန်ကြော်လုပ်ငန်းများဖြင့် အကြော်စုံလုပ်ငန်းအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3.14.jpg?itok=F9EBcyRy)
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ မြောင်းဦးကျေးရွာမှ ထွက်ရှိသည့် မင်းဂွတ်သီးများ စတင်ထွက်ရှိချိန်တွင် ဈေးကောင်းရနေကြောင်း မင်းဂွတ်သီး စိုက်ပျိုးသူများ၏ပြောဆိုချက်အရ သိရပါသည်။ ပဲခူးမြို့ သီးနှံဈေးကွက်တွင် လတ်တလောတွင် မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ငွေကျပ် ၂၀၀ နှင့် အသေးတစ်လုံးလျှင် ငွေကျပ် ၁၅၀ အထိ ဈေးနှုန်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3.12.jpg?itok=Qkw5kj-6)
ပဲခူးခရိုင် ၊ ပဲခူးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် မိုးစပါးအပြင် အခြားသီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးမြို့နယ် ၊ မုန်တိုင်းကျေးရွာတွင် ခရမ်းစိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ် ဆွတ်ခူးရောင်းချနေရသဖြင့် အပိုဝင်ငွေရရှိကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/3.11.jpg?itok=IjzCWXFr)