ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကြက်သွန်နီမျိုးစိတ် အများအပြားရှိသည့်အထဲမှ ရဲကျွန်း(ခေါ်)မင်းတုန်းကြက်သွန်နီသည် အသေးဆုံးနှင့် အချိုဆုံးကြက်သွန်နီဖြစ်ပါသည်။ ရိုးရိုးကြက်သွန်များကို ဈေးများတွင် အလွယ်တကူ ဝယ်ယူ၍ရပေမဲ့ မင်းတုန်းကြက်သွန်နီကတော့ တစ်ရာသီပဲပေါ်သောကြောင့် ယခုအချိန်တွင် ဝယ်ယူစုဆောင်းထားသင့်ပါသည်။ ပင်ခြောက် ဆောင်းကြက်သွန်နီ ဖြစ်သောကြောင့် နှစ်ပေါက်

ပြည်ဈေးကွက်ရှိ စားဖိုချောင်သုံးသီးနှံများဖြစ်သည့် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးနှုန်းမှာ အရည်အသွေးပေါ်လိုက်၍ အချောအသန့် တစ်ပိဿာလျှင် ၂၀၀၀၀ကျပ်ရှိပြီး အကြီး၊ အသေး အနည်းငယ်ရောသည့် ရှမ်းစများမှာ တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်ရှိပါသည်။ ကြက်သွန်ဖြူ (ကြူကုတ်) ဈေးနှုန်းအနေဖြင့် အသန့်တစ်ပိဿာလျှင် ၁၂၀၀၀ကျပ် ဈေးရှိပြီး အိတ်ဆွဲဈေး (၇ပိဿာပါ) အနေဖြင့
ပြည်ဈေးကွက်တွင် မိုးစပါးဈေးများမှာ ဈေးများ ဆက်လက်မြင့်တက်နေပါသည်။ ၂၀၂၄ ဇန်နဝါရီလမှစ၍ စပါးတင်း ၁၀၀လျှင် ၂၀၀၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၄၀၀၀ကျပ် ရှိရာမှ ယခု ဇန်နဝါရီ စတုတ္ထပတ်တွင် ကရင်မစပါးမှာ ၄၆ပေါင် တင်း ၁၀၀လျှင် ၂၁၀၀၀၀၀ကျပ် ၊ ဆန်တစ်အိတ် လျှင် ၇၆၀၀၀ကျပ်၊ မှော်ဘီစပါးတင်း(၁၀၀)လျှင် ၂၁၅၀၀၀၀ ကျပ်၊ ဆန်တစ်အိတ်လျှင် ၈၂၀၀၀ ကျပ်ဖြင့

ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ပြည်မြို့ဈေးကွက်အတွင်း ဘူးညွန့်များဈေးကောင်း ရလျက်ရှိပြီး ဘူးပင်မှ ဘူးသီးများ သီးနိုင်ရန်အတွက် ဘူးညွန့်ခေါင်ကို ဖြတ်ပေးရသဖြင့် ဘူးသီး စိုက်ပျိုးသူ တောင်သူများမှ တစ်ချက်ခုတ်နှစ်ချက်ဖြတ်အနေဖြင့်ဘူးညွန့်များ အလကားမဖြစ်တော့ပဲ ယခုအချိန် နေ့စဉ် ဘူးညွန့်များခူးပြီး ရောင်းချရသောကြောင့် မီးဖိုဆောင် အသုံးစရိတ်အဖြစ်ဝ

ပြည်ဈေးကွက်သို့ ယခုဇန်နဝါရီလ နောက်ဆုံးပတ်တွင် ကြက်သွန်နီ အဓိကစိုက်ပျိုးရာ မကွေးတိုင်း တောင်တွင်း၊ ဗိဿနိုး၊ စစ်တလင်း၊ ဆိပ်ဖြူ၊ ရေနံချောင်း စတဲ့နယ်များမှ အထွက်များ စုံနေသည့်အတွက် အမျိုးအစားစုံစွာဝင်ရောက်မှုရှိနေပါသည်။ ပြည်ဈေးကွက်သို့ ပိဿာချိန် နှစ်သောင်းခန့်ရက်ခြားအဝင်ရှိနေပြီး ဝင်ရောက်လာသော အမျိုးအစားအနက် ဆိပ်ဖြူနှင့်
