စကားဖြူပန်း နှင့် စကားဝါပန်း

Powered by Drupal

ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် စကားဖြူပန်း၊ စကားဝါပန်းများကို ရောင်းချလျက်ရှိရာ စကားဖြူ/ဝါပန်းပင်သည် အပင်ကြီးမျိုးဖြစ်ပြီး အရွက်ပုံစံမှာဘဲစဥပုံနှင့်  စကားဖြူ/ဝါပန်းပင်သည် မြန်မာ ပြည်အနှံအပြား စိုက်ပျိုးနိုင်သည်။ စကားဖြူ/ဝါပန်းပင်သည် ပူအိုက်စွတ်စိုသော ရာသီကို ကြိုက်နှစ် သက်သည့် အပင်ဖြစ်သည်။ မြေနေရာမရွေး စိုက်ပျိုးနိုင်ပြီး ရေဝပ်ဒဏ် မခံနိုင်ပါကြောင်း သိရသည်။

          စကားဝါပန်းနှင့်စားကားဖြူပန်းကို အကုံးအလိုက် ဘုရားပန်းကပ်လှူခြင်း၊ အပွင့်အတိုင်း ပန်းကန် လေးဖြင့် ဘုရားတွင်ကပ်လှူခြင်း အပြင် ပန်းများကို ဖန်ပုလင်းများဖြင့် ထည့်ကာ ကျောက်ချဉ်ဖြင့် စိမ်ပြီး နှစ်ပေါင်းများစွာထားရှိကပ်လှူကြသည့်အပြင် ဈေးဆိုင်များ၊ ကားများနှင့် သုံးဘီးဆိုင်ကယ်များတွင် မင်္ဂလာ ကျက်သရေရှိစွာ ချိတ်ဆွဲလေ့ရှိကြသည်။ လူအများဦးခေါင်းထက်တွင်လည်း ကျက်သရေရှိစွာ ပန်ဆင်လေ့ရှိသည့်အတွက် ဈေးကောင်းဖြင့် ရောင်းချလျက်ရှိကြောင်းသိရသည်။

          ယခု ၂၀၂၅ ခုနှစ်၊  ဇူလိုင်လ ပထမပတ်တွင်ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေး၌ ဖြစ်ပေါ်နေသော စကားဖြူပန်း ဈေးနှုန်းဖြင့် စကားဖြူပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း(၃)ကုံးလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း စကားဝါပန်း ဈေးနှုန်းဖြင့် စကားဝါပန်း(၇)ပွင့်ပါ တစ်ကုံးလျှင် (၅၀၀)ကျပ်၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ စကားဝါပန်း (၃) ကုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ဘုရားပန်းမျိုးစုံ ရောင်းချနေသော ပန်းသည် တစ်ဦးထံမှ သိရှိရပါသည်။

Doca(စစ်ကိုင်း)