ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၂- ၂၀၂၃ အောင်လံမြို့နယ်၏ နှမ်းသီးနှံလျာထားစိုက်ဧက (၅၈၇၉၆)ဧကတွင် (၅၈၈၀၉)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး နှမ်းသီးနှံများ၏ သိပ္ပံနှမ်းနက်စိုက်ဧကမှာ စိုက်ပျိုးမှု၏ (၈၀)ရာခိုင်နှုန်းခန့်ရှိပြီး (၁)ဧကလျှင် အထွက်နှုန်းမှာ(၆.၅၉)တင်းထွက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာ ထားချက်မှာပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာသန်းပေါင်း(၇၀.၀၀၀)၊ သွင်းကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃.၀၀၀)၊ စုစုပေါင်း ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ သန်း(၇၃.၀၀၀)ဖြစ်ပါသည်။ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ အိန္ဒိယနိုင်ငံသို့ကုန်သွယ်မှုအနေဖြင့် ၂၀၂၂
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစု တင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့်ရွှေဘိုခရိုင်များအနေဖြင့် ရွှေဘိုခရိုင်၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်နှင့် မုံရွာခရိုင်တို့တွင် စပါး/ဆန်ဈေး အနည်းငယ်တက်နေပြီး၊ ကျန်ခရိုင်များတွင် ဈေးအေးနေကြောင်းသိရှိရပါသည်။