
မြင်းခြံခရိုင်သည် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဆောင်းမြေပဲနှင့်မိုးမြေပဲ ဟူ၍ နှစ်ရာသီစိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။ မိုးမြေပဲသီးနှံကို မေလမှ ဇွန်လအထိ စိုက်ပျိုးပြီး စက်တင် ဘာလ၊ အောက်တိုဘာလ၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန် မှ ရိတ်သိမ်းချိန်အထိ (၄)လကြာမြင့်ကြောင်းသိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ မြင်းခြံခရိုင်ချုပ်အနေဖြင့် မိုးမြေပဲစိုက်ဧကပေါင်း (၁၁၅၇၆)ဧက စိုက်ပျိုး ထားကြောင်း၊ မြင်းခြံမြို့နယ်တွင် မိုးမြေပဲစိုက်ဧက(၂၅၀)စိုက်ပျိုးထားကြောင်း၊ တောင်သာမြို့နယ် တွင် စိုက်ဧက(၆၃၁၉)ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၅၀၀၇)ဧက စိုက်ပျိုးထားကြောင်း၊ သက်ဆိုင်ရာ ဌာန၏စာရင်းများအရသိရှိရသည်။ ပင်ပြန့်မျိုးကိုသာ စိုက်ပျိုးထားကြပြီး အတန်းလိုက်စနစ်ဖြင့် တစ်ဧကလျှင် မြေပဲမျိုးစေ့ တစ်တင်းခွဲနှုန်း စိုက်ပျိုးထားရှိကြောင်း၊ ပင်ခြားတန်းခြားအနေဖြင့် (၆)လက်မ၊(၈)လက်မခြားစိုက်ပျိုးထားကြောင်း သိရှိရသည်။ မိုးမြေပဲ(မိုးဦး)ကိုယခင်နှစ်ကထက် (၇၅)ဧက ပိုမိုစိုက်ပျိုးထားရှိကြောင်းနှင့် မိုးမြေပဲ(မိုးနှောင်း)ကိုလည်း ဆက်လက်စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရှိရသည်။ မိုးကိုမျှော်ပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ယခုနှစ်ရာသီဥတုအခြေအနေအရ ယခင်နှစ်ကထက် အထွက်နှုန်းပိုမိုကောင်းမွန်မည်ဟု သုံးသပ်မိပါကြောင်း မိုးမြေပဲစိုက်တောင်သူ တစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
DOCA(မန္တလေး)