ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ် ကျုံကူကျေးရွာတွင် တောင်သူဦးဇော်မင်းထိုက်၏ မိုးစပါးကောက်စောရိတ်သိမ်းနေပြီဖြစ်ကြောင်းသိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက နိုဝင်ဘာလ(၁၆)ရက်နေ့၌ ကျုံကူကျေးရွာသို့ ကွင်းဆင်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရွာသစ်ကိုင်းတာကျေးရွာတွင် သံရည်ကျို၍ ပုံလောင်းခြင်းလုပ်ငန်း လုပ်ကိုင်လျက်ရှိပါသည်။ ကုန်ကြမ်းကို သံကျွတ်၊ ကားအင်ဂျင်ဟောင်း၊ သံထည်ဟောင်းများကို အသုံးပြုပြီး တစ်နေ့လျှင် နန်းဆွဲနှစ်တန်ထုတ်လုပ်လျက်ရှိကာ တစ်လကို ပျှမ်းမျှအားဖြင့် ရက် (၂၀) ခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရှိရပါသည်။ လုပ်သား
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် မြေပဲယိုလုပ်ငန်းလုပ်ကိုင်သူ (၃) ဦးခန့်ရှိပါသည်။ မြေပဲယိုရရှိရန်အတွက် ကုန်ကြမ်းအနေဖြင့် သကြား၊ မြေပဲ၊ နှမ်း၊ ထန်းလျက်၊ ကပ်စေး၊ ပဲဆီတို့ကို အသုံးပြုရပြီး ဒေသတွင်း ဖြူးမြို့နယ်မှ မှာယူရရှိကြောင်း သိရှိရပါသည်။ မြေပဲယိုထုတ်လုပ်ရာတွင် ပထမဦးဆုံးအနေဖြင့် မ
ပြည်ခရိုင်၊ ပြည်မြို့နယ် စည်ပင်သာယာဈေးကြီးတွင် ဆီးသီးများ းစတင်အရောင်းအဝယ်ပြုလုပ်နေပြီဖြစ်ကြောင်း သိရှိရပါသည်။ ပန်းတောင်းမြို့နယ် ရွှေဘုံသာကျေးရွာဘက်မှဆီးသီးများ စတင်ထွက်ပေါ်နေပြီဖြစ်သော်လည်း လှိုင်လှိုင်ထွက်ပေါ်လာခြင်းမရှိသေး၍ ဈေးအနည်းငယ်မြင့်တက်လာကြောင်း သိရှိရပါသည်။ အရောင်းအဝယ်ဖြစ်သည့်တင်းအနည်းငယ်ကို ရန်ကုန်မြို
အိမ်ရှင်မများအနေဖြင့် နံနံပင်ကို ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးပြုကြပါသည်။ တချို့ မှာ ဟင်းချက်ရာတွင် နံနံပင်ကို မပါမဖြစ်အသုံးပြုကြသဖြင့် နံနံပင်မှာ အသုံးဝင်သည့်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပါသည်။