
မာလာဖူး၊ တောက်တာဖူး၊ မာလမန်း အမျိုးမျိုးခေါ်ကြပါသည်။ တောက်တာဖူးပင်၏ အရွယ်အစားမှာ အပင်ပုမျိုးဖြစ်ပြီး မြေကြီးအတွင်းမှတိုးထွက်လာပြီး တောထဲတွင် အလေ့ကျ ပေါက်ရောက်သည့် အပင်လေးများဖြစ်ပါသည်။ တောက်တာဖူး၏အရသာမှာ ပူရှိန်းရှိန်း ရှတတ အာနိသင်ရှိပါသည်။ မိုးလေးများတဖွဲဖွဲရွာသွန်းပြီးလျှင် မြေပြင်တွင်းမှ တောက်တာဖူးလေးများ ထိုးထွက်လာကြပါသည်။ ရွာဓလေ့အရ ညနေပိုင်းတွင် တောထဲသို့ တောက်တာဖူးများ ကိုခူးယူပြီး လျှင် ရေဇလားအတွင်းရေဖြည့်ပြီး ခူးဆွတ်လာသောတောက်တာဖူးများအား ရေစင်စင် ဆေးပြီးလျှင် တောက်တာဖူးအပွင့်(၄)ပွင့်ကို နှီးဖြင့်စည်း၍လည်းကောင်း၊ ထုတ်ဖြင့်ထိုး၍ လည်းကောင်း ဈေးကွက်အတွင်းရောင်းချရာတွင် တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း သိရပါသည်။ ပြည်မြို့ရှိ ဈေးကွက်များအတွင်းသို့ အနီးတဝိုက်ရှိကျေးရွာများမှ လာရောက်ရောင်းချကြပြီး အရောင်းအဝယ်လည်းဖြစ်လျှက်ရှိပါသည်။ ယခင်နှစ်တွင် တောက်တာဖူးဈေးမှာ တစ်စည်းလျှင် (၁၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုနှစ်တွင်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ ပေါ်ခါစဖြစ်၍ ထွက်ရှိမှုနည်းခြင်းကြောင့်ဖြစ်သည်ဟု သိရှိရပါသည်။
DOCA(ပဲခူး)