ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ကုန်စည်ဒိုင်ရှိ ပဲအမျိုးအစားအလိုက် ဈေးများမှာ အောက်တိုဘာလဒုတိယပတ်တွင် ပဲဈေးများကျနေပြီး၊ တတိယပတ်တွင် ပဲဈေးများပြန်တက်လာသည်ကို တွေ့ရှိရပါသည်။
မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မုန့်လေပွေသည် သီတင်းကျွတ်လတွင်သာ ရရှိသည့် ရာသီပေါ်သားရေစာအဖြစ် စားသုံးရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။
ပြည်ဈေးကွက်ရှိ နနွင်းပွဲရုံသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နနွင်းများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဝယ်လိုအားကောင်းလာသော်လည်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ နနွင်း ဈေးများမှာ အောက်တိုဘာလ တတိယပတ်တွင် နနွင်း အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ နနွင်းအတက်သေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အသေးအညှပ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်
ပြည်ဈေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ကျော် ပခုက္ကူဘက်မှ ကြက်သွန်နီ အိတ် ၂၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ ဈေးနှုန်းမှာ ပြည်ဈေးကွက်၌ ဩဂုတ်လစတုတ္ထပတ်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ကျော်ထိ ဈေးများတက်လာခဲ့ပြီး အောက်တိုဘာလပထမပတ်တွင် တစ်ပိဿာလျှင်ပျမ်းမျှကျပ် ၃၀၀နှုန်းခန့် ဈေးပြန်ကျပြီး ယခုကာလတွင် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ခန့်
ပြည်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကား သမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့ရှိ ပွဲရုံများမှ တစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့နယ် မင်းကုန်းကျေးရွာတွင် အများအပြား