မအူပင်မြို့နယ်မှ ငါးရှဉ့်ဈေးနှုန်း ဈေးကွက်

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းများလုပ်ကိုင်သူများရှိပြီး   ချောင်း၊ အင်းအိုင်၊ မြောင်းလယ်ကွင်းများမှ သဘာဝအတိုင်း ရှာဖွေဖမ်းဆီးပြီး ဖမ်းစီးရရှိသော ဒေသထွက်ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချပြီးလျက်ရှိ ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရသိရသည်။

            မအူပင်မြို့နယ်မှ ငါးရှဉ့်များကို နှစ်တစ်ပါတ်လည် ရှာဖွေဖမ်းဆီးလျက်ရှိပြီး မအူပင်ငါးရှဉ့်ဒိုင်များသို့ ကျေးရွာများမှ လာရောက်ရောင်းချကြောင်း သိရသည်။ မအူပင်ချောင်းကြီး၊ ထနီး၊ မလတ်တို၊ ရေလဲ၊ အောင်ဟိတ်၊  စစ်ချောင်း၊ နတ်စဉ်၊ ငါးဖားအိုင် ကျေးရွာဘက်တို့မှ တစ်နေ့ကို ငါးရှဉ့်ပိဿာချိန် ၁၀၀၀ မှ ၂၀၀၀၊  ထိဝယ်ယူရရှိကြောင်း၊ မိုးရာသီတွင် ငါးရှည်ပိုမို ရရှိ၍ ရန်ကုန်သို့တင်ပို့ကာ ငါးရှဉ့်များကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းလာခြင်းဖြစ်ကြောင်းသိရသည်။

           ရန်ကုန်ဈေးကွက်မှတစ်ဆင့် ငါးရှဉ်ဒိုင်ကြီးများက ပြည်တွင်း၊ ပြည်ပဈေးကွက်ထိတင်ပို့နေကြောင်း မအူပင်မြို့နယ်ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး မြင့်မိုရ်နှင့် မြင့်မြတ်သူလုပ်ငန်းပိုင်ရှင်တို့ကပြောသည်။ မအူပင်မြို့နယ်တွင် ဇွန်လက ငါးရှဉ့် ၁၀ပိဿာလျှင် ငွေကျပ် ငွေကျပ်၁၅၅၀၀ထိဈေးပေး ဝယ်ယူလျက်ရှိပြီး ရန်ကုန်သို့ ၁ပိဿာ ငွေကျပ် ၂၂၀၀၀ဖြင့် တင်ပို့ရောင်းချကြောင်း ငါးရှဉ်ရောင်းဝယ်လုပ်ကိုင်သူများ အကျိုးအမြတ်ပိုမိုရရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)