ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဆိပ်ဖြူမြို့ ကြက်သွန်နီ အရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ အောက်တိုဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင်ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ် အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရော
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့ ၊ ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ခွန်နှစ်ရွာ ကျေးရွာသည် အိမ်ခြေ (၁၀၀)ကျော်ရှိပြီး သြဇာသီးပင်များကို အိမ်တိုင်းလိုလို ခြံစည်းရိုး ပတ်ပတ် လည်၌ စိုက်ပျိုးထားရှိပါသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ပတ်ဝန်းကျင်ရှိကျေးရွာများ၌ လယ်ယာဥယျာဉ်ခြံမြေများတွင် သီးနှံစားပင်မျိုးစုံကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ဥယျာဉ်ခြံများတွင်တစ်ခြံနှင့်တစ်ခြံ နယ်နိမိတ်အကာအရံအဖြစ် စိုက်ပျိုးထားသော သရက်ပင်များမှသရက်သီးစိမ်းများကို အချဉ်ထည့်၍ မြန်မာနိုင်ငံအနှံသို့ သရက်ချဉ်ကို နှစ်ပတ်လည် ရောင်းချ၍တစ်ဖက်တစ်
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲများသည် ယခင်ဩဂုတ်လတွင် ပဲဈေးကောင်းလျက်ရှိပြီး စက်တင်ဘာနောက်ဆုံးပတ်တွင် မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ သီးနှံ ဈေးနှုန်းများမှာကျလျက်ရှိပြီး မြို့တွင်းအရောင်းအဝယ်ရှိသော စားတော်ပဲ၊ ဘိုကိတ်၊ ပဲကြီးဈေး များမှာ အေးလျက်ရှိကြောင်းသိရှိရပါသည်။
အောက်တိုဘာလ၊ တတိယပတ်တွင် မင်းဘူးခရိုင် မင်းဘူးမြို့၊ မြို့မဈေး၌ အခြေခံ စားသောက်ကုန် ဈေးနှုန်းများမှာ အောက်တိုဘာလ ဒုတိယပတ်ထက် အနည်းငယ် ပြန်ကျလာသည်။ အောက်တိုဘာလ ယခုပတ်တွင် ကြက်သွန်နီ (၁) ပိဿာလျှင် (၃၅၀၀)ကျပ် ငရုတ်ခြောက် အရှည်(၁)ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်)(၁)ပိဿာလျှင်(၄၅၀၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) (၁)ပိဿာလျှင