
သောကြာနေ့တိုင်း တစ်ပတ်တစ်ခါ စက်သုံးဆီဈေးနှုန်းများ ပြောင်းလဲလျှက်ရှိရာ ယခုတစ်ပတ်(၃၀.၅.၂၀၂၅) ရက်နေ့တွင် ဒီဇယ်၊ ဓါတ်ဆီ(ရိုးရိုး)(အဆင့်မြင့်) တို့၏ ဈေးနှုန်း ပြောင်းလဲမှုမှာ 95 Octance ဓါတ်ဆီ(အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၁၀ ကျပ်၊ 92 Octance ဓါတ်ဆီ (ရိုးရိုး) ဈေးနှုန်းတစ်လီတာမှာ ၂၈၅၅ ကျပ်၊ ဒီဇယ်ရိုးရိုး ဈေးနှုန်းတစ်လီ တာမှာ ၂၄၀၅ ကျပ်၊ ဒီဇယ် (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၇၀ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်တစ်ပတ် သောကြာနေ့ ဒီဇယ်၊ ဓါတ်ဆီ (ရိုးရိုး) (အဆင့်မြင့်) တို့၏ ဈေးနှုန်းမှာ 95 Octance ဓါတ်ဆီ (အဆင့်မြင့်) ဈေးနှုန်းတစ်လီတာမှာ ၂၉၂၅ ကျပ်၊ 92 Octance ရိုးရိုး ဓါတ်ဆီဈေးနှုန်း တစ်လီတာမှာ ၂၈၇၀ ကျပ်၊ ဒီဇယ် (ရိုးရိုး) ဈေးနှုန်းတစ်လီတာ မှာ ၂၄၄၀ ကျပ်၊ ဒီဇယ်အဆင့်မြင့်ဈေးနှုန်း တစ်လီတာမှာ ၃၀၁၅ ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။ ယခုတစ်ပတ် အတွင်း စက်သုံးဆီဈေးနှုန်းများမှာ ဈေးနှုန်းကျဆင်းလျှက်ရှိပါသည်။
DOCA (ရန်ကုန်)