ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်ဈေးတွင် ဒေသထွက်ခရမ်းချဉ်သီးများ တုံးသွားသည့်အတွက် အခြားဒေသမှ အသီးများမှာယူရောင်းချရသဖြင့် ယခင်လကထက် ခရမ်းချဉ်သီးဈေး မြင့်တက် လာပါသည်။ ယခင်လက တစ်ပိဿာလျှင် ၁၀၀၀ ကျပ် ရှိရာမှ ယခုအပတ် တွင် ၁၅၀၀ ကျပ် အထိ စျေးနှုန်းအနည်းငယ် တက်သွားပါသည်။

မြန်မာနိုင်ငံတွင် ရာသီအလိုက်ပေါ်သောရာသီစာအစားအစာများစွာရှိသည့်အနက် ယခု ကာလကဲ့သို့ ပူပြင်းသောနွေရာသီတွင်ပေါ်သော မန်ကျည်းရွက်နုနှင့် ဥသျှစ်ရွက်များမှာလည်း တစ်ခု အပါအဝင်ဖြစ်ပါသည်။

တောင်ငူမြို့ ဈေးများသို့ ဒေသထွက်နှင့် အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီး ဟင်းရွက် သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ ယခုအခါ အရှေ့ဘက် တောင်ပေါ်ဒေသ ကရင်ပြည်နယ် သံတောင်ကြီးမြို့မှ မျှစ်များ စတင်ရောင်းချလျက်ရှိ ပါသည်။

ဖြူးမြို့၊တာခြားရပ်ကွက်ရှိ ဦးနိုင်လင်းအောင်စံပယ်ခြံသည် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးဖြစ် မိဘဘိုးဘွားများလက်ထက်ကတည်းကစတင်ခဲ့သော စိုက်ပျိုးရေးလုပ်ငန်း တစ်ခုဖြစ်ပါသည်။ စံပယ်ပန်းတွင် စံပယ်ကြီး၊ ကြက်ရုံး၊ ပဲခူးစံပယ်၊ ရန်ကုန်စံပယ် စသည်ဖြင့် အမျိုးအစားပေါင်းများစွာ ရှိသည့်အနက် ရန်ကုန်စံပယ်ဟုခေါ်သော စံပယ်ပန်းမျိုးမှာ (၁၂)

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တောင်ငူခရိုင်အတွင်း ငလျင်ဘေးဒဏ် သင့်ပြည်သူများအား အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် အမှတ်(၁၁)ရပ်ကွက်၊ ကန်တော်ကျောင်းတိုက်အတွင်း mobile မော်တော်ယာဉ်များဖြင့် လှည့်လည် ရောင်းချပေးလျှက် ရှိပါသည်။
