ပြည်တွင်းကုန်သွယ်မှုသတင်းများ
ထန်းသီး (Ice Apple)ကိုမြိတ်မြို့၊ဘုရားကိုင်လမ်းမတန်းနှင့် ကန်ကြီးရပ်ဘုရားကြီး တန်းလမ်း မတွင် အရောင်းသွက်လျက်ရှိသည်။ကျန်းမာရေးအတွက်များစွာ အထောက်အကူ ဖြစ်စေသည့်အပြင် ငှက်ပျောသီးနှင့်စားသုံးရန် မသင့်တော်သောအသီးတစ်မျိုးဖြစ်သည်။ မိတ် ပေါ်တွင်ထန်းသီးဆံကို ကပ်ပေးခြင်းဖြင့်မိတ်ရောဂါကို သက်သာစေသည်။ တပို့တွဲလနှင့်တ ပေါင်းလတွင် စတင်သီးချိန်ဖြစ်ပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ဘုရားကြီးဈေးရှိ အသီးမျိုးစုံ ရောင်းချနေသည့်ဆိုင်များတွင် ကြက်မောက်သီးများကို စတင်ရောင်းချနေကြောင်းသိရသည်။ ရာသီပေါ် ကြက်မောက်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ဈေးကွက်အတွင်းသို့ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် တောင်ယာလုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြ ပါသည့်အပြင် ရာသီပေါ်သီးနှံနှင့် စားဖိုဆောင်သီးနှံများကို အများအပြားစိုက်ပျိုးကြပါသည်။ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်သည့် ကန်စွန်း၊ ခရမ်းသီး၊ ဘူးသီး၊ ပဲသီး အစရှိသည့် သီးနှံမျိုးစုံကို စိုက်ပျိုးကြပါသည်။ ကန်စွန်းရွက်ပင်ကို အိမ်တိုင်းလိုလိုစိုက်ပျိုးကြပါသည်။ ကန်စွန်းပင်

ကန်စွန်းရွက်သည် ဗမာကန်စွန်းရွက်နှင့် တရုတ်ကန်စွန်းရွက်(စိုက်ပျိုးရေး)ဟူ၍ အများအားဖြင့် သိရှိကြပြီးပါသည်။ ကန်စွန်းရွက်သည် ရေရရှိသောနေရာများတွင် လွယ်ကူစွာ ပေါက်ရောက်ရှင်သန်နိုင်ပြီး လူအတန်းအစားမရွေးကြိုက်နှစ်သက်သော အရွက်တစ်မျိုးဖြစ် ပြီးပါသည်။ ကန်စွန်းရွက်များသည် ချောင်းမြောင်းနှင့်အခြားရေရရှိသော နေရာများ၊ အင်းအိုင်၊ လယ်ကန်သင်း၊ လယ်ကွက်မျ
