ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်မှ ပြည်တွင်းဈေးကွက်သို့ ဧပြီလအတွင်း ဒေသ ထွက်ငါးခြောက်ပိဿာချိန် ၁၂၀,၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ပါသည်။ ယခုနှစ် မတ်လ အတွင်း ငါးခြောက်ပိဿာချိန် ၉၅,၀၀၀ သာ တင်ပို့နိုင်ခဲ့ရာမှ မတ်လတွင် ၂၅% ကျော် တိုးတက် ကာ စံချိန်တင်ပမာဏဖြစ်သည့် ၁၂၀,၀၀၀ ပိဿာအထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ "ပုသိမ် မြို့နယ်က

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် သခွားမွှေးသီးများ ရောင်းချလျက်ရှိကြောင်း၊ သခွားမွှေးသီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ လည်းကောင်း၊ ရွှေဘိုမြို့သစ်သီးလက်လီ၊လက္ကားဆိုင်များမှလည်းကောင်း ဝယ်ယူရောင်းချလျက် ရှိကြောင်း သစ်သီးရောင်းချသူများထံမှ သိရသည်။

မတ်လနောက်ဆုံးပတ်အတွင်း ဧရာဝတီတိုင်းဒေသကြီးရှိ ကုန်စိမ်းစျေးကွက်များသို့ သံပုရာနှင့်သံပုယိုသီးများ ပိုမိုဝင်ရောက်လျက်ရှိပြီး ရာသီဥတုပူပြင်းမှုကြောင့် အရောင်းသွက် ကြောင်း သိရသည်။ စျေးကွက်တွင် ရောင်းချနေသည့် သံပုရာသီးအများ စုမှာ ပုသိမ်၊ ကျောင်းကုန်း နှင့် ငပုတောမြို့နယ်တို့ရှိ ကျေးရွာများမှ ထွက်ရှိသောအသီးများဖြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးရှိ သစ်သီးဆိုင်များတွင် လိမ္မော်သီးများ အများအပြားရောင်းချလျက်ရှိကြောင်း၊ လိမ္မော်သီးများကို မန္တလေးမြို့ရှိ သစ်သီးပွဲရုံ များမှ မှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးသည် ဆန်စပါးအဓိကထုတ်လုပ်သည့်ဒေသဖြစ်သော်လည်း ဆောင်းသီးနှံအနေဖြင့် မြေပဲကို အနည်းငယ်စိုက်ပျိုးလျက်ရှိသည်။ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဒေသအတွင်း မြေပဲစိုက်ဧက (၅၂,၀၀၀) ခန့်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
