ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ဈေးကွက်တွင် ကညွတ်သီးနှံအနေဖြင့် ယိုးဒယားကညွတ်နှင့် ဗမာကညွတ်ဟူ၍ နှစ်မျိုးရှိသည်။ ယိုးဒယားကညွတ်မှာ ယခုနွေဦးပေါက် တပေါင်းလအတွင်း မွန်ပြည်နယ်၊ မော်လမြိုင်ဘက်မှ ဝင်ရောက်မှုရှိကာ ဗမာကညွတ်အနေဖြင့် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တဝိုက်တွင် နှစ်ပတ်လည်ရေသွင်းစိုက်ပျိုးကြသဖြင့် ပြည်ဈေးကွက်သို့ တစ်နှစ်ပတ်လုံးဝင်ရောက်မှုရှိကြောင်းသိရ
ပြည်ခရိုင်တွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ နွေစပါးများစတင်စိုက်ပျိုးနေပြီဖြစ်ပါသည်။ (၂၀၂၃-၂၀၂၄) ခုနှစ်တွင် ပြည်ခရိုင်အနေဖြင့် ဖေဖော်ဝါရီလကုန်အထိ နွေစပါးစိုက်ပျိုးဧကမှာ (၁၈၉၈၈)ဧကဖြစ်၍ ပြည်မြို့နယ်တွင် (၁၁၃၄၄)ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် (၂၄၆၂)ဧက၊ ပန်းတောင်းမြို့နယ်တွင် (၃၀၂)ဧက နှင့် ရွှေတောင်မြို့နယ်တွင် (၂၄၆၂)ဧကစိုက်ပျိုး
ပြည်ဈေးကွက်တွင် ယခုအချိန်ဖြစ်သော မတ်လ နောက်ဆုံးပတ်တွင် မြေပဲပင်ပေါက်များကို ရွှေတောင်ဘက်မှ လာရောက်ရောင်းချကြောင်းသိရပါသည်။ မိုးရွာသွန်းမှုမရှိသေးသော်လည်း မြေပဲပင်ပေါက်များထွက်ပေါ်လာရခြင်းမှာ မြေပဲများကိုတွင်းတူး၍ အစို့ပေါက်ကြသဖြင့် ရရှိကြောင်းသိရပါသည်။ သဘာဝနည်းဖြင့်ရရှိသော မြေပဲပင်ပေါက်မှာ ရောင်းပန်းမလှဘဲ ကိုယ်တိုင်လုပ်သေ
ပြည်ခရိုင်တွင် စပါးဈေးနှုန်းများမှာ ယခင်၂၀၂၃ခုနှစ်၊ မတ်လတွင် (၄၆)ပေါင်ပါ တင်း(၁၀၀)လျှင် ၁၅၀၀၀၀၀ကျပ်၊ ဆန် (၁၀၈)ပေါင်တစ်အိတ်လျှင် ၅၈၀၀၀ကျပ်ဖြင့်ရောင်းဝယ်လျက်ရှိပြီး၊ ယခု၂၀၂၄ ခုနှစ်၊ မတ်လတွင် စပါးဈေးနှုန်းမှာ တင်း(၁၀၀)လျှင် ၂၁၀၀၀၀၀ကျပ်၊ ဆန်တစ်အိတ်လျှင် ၇၈၀၀၀ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စပါးဈေးနှုန်းမှာ ယခုန
ပြည်ဈေးကွက်တွင် ယခုအချိန်ဖြစ်သော မတ်လ နောက်ဆုံးပတ်တွင် မန်ကျည်းမှည့်ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မန်ကျည်းမှည့်မှာ ယခုကဲ့သို့သောနွေရာသီအချိန်တွင် လူနှင့်တည့်၍ ဆေးအဖြစ် စားသုံးကြသည့်အပြင် ဟင်းချက်၍လည်းစားသုံးကြသဖြင့် အိမ်တိုင်းလိုလို မန်ကျည်းမှည့်ကိုဆောင်ထားကြပါသည်။ ထို့ကြောင့် မန်ကျည်းမှည့်သည် အသုံးများပြီး အထွက်နှုန်