
ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့်ပဲပုတ်မှာ အရောင်းသွက်လျက်ရှိပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း၂၀၂၄-၂၀၂၅ခုနှစ်တွင်ပဲပုတ်အပါအဝင်ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ ဧက ဖြစ်ကြောင်းသိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊စက်ပိုင်များ မဟာကထိန်တော်အသင်း တွင်၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်းပေါက်စျေးမှာ၃တင်းဝင်တစ်အိတ်လျှင် ပဲပုတ် (ရှမ်း) ၂၉၀၀၀၀ကျပ်နှင့် ၂၉၅၀၀၀ကျပ်၊ပဲပုတ်(ဗမာ) ၃၂၀၀၀၀ကျပ်၊ ပဲပုတ်(စက်ပဲ) ၂၇၀၀၀၀ကျပ်နှင့် ၂၈၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲပုတ်(ရှမ်း)၅၄၄၆ကျပ်နှင့်၅၅၄၀ကျပ်၊ပဲပုတ်(ဗမာ) ၆၀၀၉ ကျပ်၊ ပဲပုတ်(စက်ပဲ)၅၀၇၀ကျပ်နှင့် ၅၃၅၂ကျပ် တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ်(ရှမ်း)၆၇၆၁ကျပ်နှင့် ၇၈၈၇ ကျပ်၊ပဲပုတ်(ဗမာ) ၈၉၂၀ကျပ်နှင့် ၉၀၁၄ကျပ်၊ ပဲပုတ် (စက်ပဲ) ၅၄၄၆ကျပ်နှင့် ၆၁၉၇ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခုနှင့်ယခင်နှစ် ကာလတူ ပေါက်စျေး နှိုင်းယှဉ်ပါကပဲပုတ်စျေးမှာ အနည်းငယ်ကျ ဆင်းသွားကြောင်းသိရှိရပါသည်။
DOCA(မန္တလေး)
