နိုဝင်ဘာလတတိယပတ်တွင်မန္တလေးပဲစင်းငုံစျေးအနည်းငယ်ကျဆင်း

Powered by Drupal

                  မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်းသိရပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ရောင်းချသည့် ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေး တိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊၃၁.၁.၂၀၂၅ ရက်နေ့အထိ ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံ သီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါတယ်။ မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်းတွင် ၂၀၂၅ ခုနှစ်နိုဝင်ဘာလတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ၃တင်း ဝင် တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၄၃၀၀၀ကျပ်၊ပဲစင်းငုံ(ဖြူ)၂၂၀၀၀၀ကျပ်နှင့်၂၂၅၀၀၀ကျပ်၊ တစ်ပိဿာ ပေါက်စျေးမှာ ပဲစင်းငုံ (နီ)၄၀၅၀ကျပ်၊ ပဲစင်းငုံ(ဖြူ)၃၆၆၇ကျပ်နှင့် ၃၇၅၀ကျပ်တို့ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခင်နှစ်ကာလတူပေါက်စျေး မှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ)၄၆၀၀၀၀ကျပ်၊ တစ် ပိဿာစျေးမှာပဲစင်းငုံ(နီ)၇၆၆၇ကျပ်ပြီး၊ ယခင်နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက် စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်။

DOCA(မန္တလေး)