
မန္တလေးစျေးကွက်သို့ ပဲသီးမျိုးစုံဝင်ရောက်လျက်ရှိပြီး၊ ပဲဇီးကွက်မှာ ပြည်တွင်းစားသုံးမှု များပြားသည့်ပဲတစ်မျိုးဖြစ်ကြောင်းသိရပါသည်။ပဲဇီးကွက်မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီးတို့တွင်စိုက်ပျိုးမှုများပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄- ၂၀၂၅ ခုနှစ်တွင် ပဲဇီးကွက်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု ၁၀၁၉၄၇၇ဧကဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ခုနှစ် နိုဝင်ဘာလတတိယ ပတ်အတွင်းဖြစ်ပေါ်သည့်ပေါက်စျေးမှာ ပဲဇီးကွက်(ဗမာ) ၃တင်းဝင်တစ်အိတ်လျှင်၄၆၀၀၀၀ ကျပ်နှင့် ၄၇၀၀၀၀ကျပ်၊တစ်ပိဿာလျှင် ၇၈၉၇ကျပ်နှင့် ၈၀၆၉ ကျပ်တို့ဖြစ်ကြောင်း သိရှိရပါသည်။ ယခင်နှစ် ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ၂၈၀၀၀၀ကျပ်နှင့် ၂၉၅၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၈၀၇ကျပ်နှင့် ၅၀၆၄ကျပ်ဖြစ်ပြီး၊ ယခုနှစ်နှင့်ယခင်နှစ် ကာလတူ ပေါက်စျေးနှိုင်းယှဉ်ချက် မန္တလေး စျေးကွက်တွင် ပဲဇီးကွက်စျေးပိုမိုရရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)
