ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ ယခင်လက တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ရှိရာမှ ယခုမတ်လ တတိယအပတ်တွင် တစ်ပိဿာလျှင် ၁၆၀၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်ကျဆင်းပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။
တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာတွင် စိုက်ပျိုးထားသော နွေစပါးများမှာ တစ်လသား အရွယ်ခန့်ရှိပြီး စိမ်းလန်းစိုပြည်လျက်ရှိပါသည်။ စိုက်ခင်းဖြင့် စနစ်တကျစိုက်ပျိုးထားသဖြင့် အထွက်လည်း ကောင်းမည်ဖြစ်ကြောင်း သိရှိရပါသည်။
တောင်ငူမြို့၊ ညောင်ပင်လေးဈေးသို့ တောင်ငူမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးသူများ ကိုယ်တိုင်သော်လည်းကောင်း၊ ဖောက်သည်များမှ တစ်ဆင့်သော်လည်းကောင်း လာရောက်ရောင်းချလျက်ရှိရာ ယခုနှစ်တွင် ဘူးသီးအထွက် ကောင်းသဖြင့် ယခင်နှစ်အလားတူကာလကထက် ဘူးသီးများ ဈေးလျော့နည်းကြောင်း သိရပါ သည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်အတွင်းရှိ ပြည်သူများသည် ဒေသစီးပွားဖြစ် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ စိုက်ပျိုးရေးလုပ်ငန်းအနေဖြင့် နှစ်စဉ် ဆီထွက် သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကုန်စိမ်းသီးနှံများ စိုက်ပျိုးကြပါသည်။ ထီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သီးနှံမျိုးစုံအနက်မှ ပ
ထောပတ်ပဲဖြူ စိုက်ပျိုးရာဒေသများဖြစ်ကြသော ပခုက္ကူကျွန်းနယ်များဖြစ်သော လေးလံကျွန်း၊ မြင်းကျွန်း၊ ပခုက္ကူကျွန်းနှင့် ဂန့်ဂေါခရိုင်မှ ထီးလင်း၊ ဆော၊ ကျောက်ထု၊ မောက်နယ်များတွင် အများဆုံး စိုက်ပျိုးကြသည်။ ဖေဖေါ်ဝါရီနောက်ဆုံးပတ်မှစတင်၍ ထောပတ်ပဲများစတင်ရိတ်သိမ်းခြွေနေကြပါ သည်။ ပခုက္ကူကုန်စည်ဒိုင်သို့ နယ်ပေါင်းစုံမှ ဝင်ရောက်အရော