ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Mar 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မြို့မစျေးအတွင်းရှိ အိမ်သုံးဆေးဝါးရောင်းချသော ဆေးဆိုင်များတွင် ဆောင်းအကုန်နွေအကူး ရာသီဥတုအပြောင်းအလဲများကြောင့် ဖျားနာကိုက်ခဲ ပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေးနှင့် နှာစေးပျောက်ဆေးတို့မှာ အများအပြားဝယ်ယူသုံးစွဲလျက်ရှိကြောင်း ဆေးဆိုင်များမှ သိရှိရပါသည်။

22 Mar 2024

      မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့၊ ရန်ပယ်စျေးတွင် မြို့ပေါ်ရှိစျေးသည်များနှင့် ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ဒဟတ်ကန်၊ ကန်ပြား၊ ကန်လှ၊ ထုံးပေါက်တော၊ နွားကူး၊ သန်းတောကုန်း၊ ဆားတိုင်ကန်၊ မကျီးကန်ကျေးရွာတို့မှ အခြေခံစားသောက်ကုန်များ ရောင်းဝယ် ဖောက်ကားလျက် ရှိကြပါသည်။

22 Mar 2024

      မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီရည်ညွှန်းလက်ကားဈေးနှုန်းများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။

22 Mar 2024

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ အာလူးစိုက်ပျိုးရာနေရာဒေသများဖြစ်သော ကမ္မ၊ မြစ်ခြေ၊ ပေါက်နယ်များတွင် အာလူးကို တစ်ကွင်းတစ်စပ် ရေသွင်းစိုက်ပျိုးကြပါသည်။ အာလူးများကို တန်ဆောင်မုန်းလဆန်းတွင် စတင်စိုက်ပျိုးကြပြီး တပိုတွဲလကုန်နှင့် တပေါင်းလဆန်းတွင် တူးဖော်ကြပါသည်။ အဓိကစိုက်ပျိုးသော အာလူးမျိုးများမှာ တရုတ်ဖြူမျိုးများဖြစ်ကြပါ

22 Mar 2024

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ မတ်လ(ဒုတိယပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ မြေပဲဆုံဆီတစ်ပိဿာလျှင် ကျပ်(၁၆၀၀၀)၊ စက်ပဲဆီသန့်မှာ အရည်အသွေးကိုလိုက်၍ တစ်ပိဿာလျှင် ကျပ်(၁၂၈၀၀ - ၁၃၅၀၀)ဖြစ်ပြီး၊ ပဲရောဆီတစ်ပိဿာလျှင် ကျပ်(၈၅၀၀ - ၉၀၀၀)၊ နှမ်းဆီတစ်ပိဿာလျှင် ကျပ်(၁၄၅၀၀)၊ နှမ်းရောဆီတစ်ပိ

Pages