
မြင်းခြံမြို့နယ် ကျေးရွာအချို့သည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာ စားဖို ဆောင်သီးနှံဖြစ်သော သခွားသီးကိုလည်း အပိုဝင်ငွေရရှိရန် စိုက်ပျိုးကြကြောင်း သိရသည်။ ဒေသထွက် သခွားသီးများကို မြင်းခြံမြို့ပေါ်ရှိ မြို့မစည်ပင်သာယာဈေး၊ အေးမြသီတာဈေးနှင့်စံပြဈေးတို့တွင်အချို့ကဖောက်သည်ပေးပြီး အချို့က ကိုယ်တိုင်ရောင်းချ ကြောင်း ဒေသသီးနှံများ မပေါ်လျှင် မန္တလေး မြို့မှဝင်ရောက်ပါကြောင်း သိရသည်။
နံနက်ခင်းအစောပိုင်းတွင် ကျေးရွာသူ ကျေးရွာသားများက ဆိုင်ကယ်များဖြင့် မြင်းခြံမြို့ ဈေးသို့ လာရောက်ရောင်းချကြောင်း၊ နိုဝင်ဘာလ ပထမပတ်တွင် သခွားသီး(အဖြူ)ဈေးနှုန်းမှာ အကြီးတစ် လုံးလျှင် (၁၅၀၀) ကျပ်၊ အသေးတစ်လုံးလျှင် (၁၀၀၀) ကျပ်၊ သခွားသီး(အစိမ်း)တစ်လုံးလျှင် (၁၀၀၀) ကျပ် ဈေးရှိကြောင်း သခွားသီးကို အတို့အမြှပ် အဖြစ်သော်လည်းကောင်း၊ သံပုရာသီးဖြင့် အချဉ်ပြုလုပ် ၍သော်လည်းကောင်းစသည်ဖြင့် စားသုံးကြသောကြောင့် ပုံမှန်အရောင်းအဝယ်ရှိကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရသည်။
DOCA(မန္တလေး)
