ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့အနီးတဝိုက်ကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ကိုင်သော ရွာအများစုသည် သခွား၊ ပြောင်း၊ ဘူးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက် ၊ ပဲအမျိုးမျိုး နှင့် ရာသီအလိုက်သီးနှံ

တောင်ငူမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ကြံ့နှစ်ကောင်(အနီ) အမှတ်တံဆိပ် ဘိလပ်မြေမှာ ဖေဖော်ဝါရီလက တစ်အိတ်လျှင် ၂၆၀၀၀/-ကျပ်ရှိရာမှ မတ်လတွင် တစ်အိတ်လျှင် ၁၇၀၀၀/- ကျပ်ဖြစ်ပြီး တစ်အိတ်လျှင် (၉၀၀၀/-)ကျပ်အထိဈေးနှုန်း ကျဆင်းပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ကြံကြိတ်ရာသီ ကုန်ဆုံးတော့မည်ဖြစ်၍ ယခင်လများက ရွှေညောင်မြို့နယ်ရှိ မြဘုရင်သကြားစက်ရုံမှ စက်ရုံအရောက် ကြံတစ်တန်လျှင် ( ၂၀၀၀၀၀/-)နှုန်းဖြင့် ဝယ်ယူခဲ့ပြီး ယခုလတွင်တော့ ကြံဝယ်ယူမှုကို ရပ်နားလိုက်ပြီဖြစ်ကြောင်းနှင့် ဒေသတွင်း တစ်ပိုင်တစ်နိုင် စက်ရုံငယ်များမှာတော့ ကြံလက်ကျန်များအား တစ်တန်လျှင် (၁၅၀၀၀၀/-

တောင်ငူခရိုင်၊ ဖြူးမြို့တွင် မတ်ပဲ၊ ပဲတီစိမ်း ပဲသစ်များပေါ်နေပြီဖြစ်ရာ ယခင်အပတ်က မတ်ပဲ (ပိဿာ ၃၀ ဝင်အိတ်) တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်အိတ် လျှင် ၁၄၅၀၀၀ ကျပ်ရှိသဖြင့် တစ်အိတ်လျှင် ၃၀၀၀ ကျပ် ဈေးနှုန်းကျဆင်းပါသည်။

တောင်ငူခရိုင်၊ ဖြူးမြို့တွင် ယခင်လက စပါး တင်း ၁၀၀ လျှင် ၁၆၀၀၀၀၀ ကျပ် ရှိရာမှ ယခုလ တွင် ၁၅၀၀၀၀၀ ကျပ် ဖြစ်ပြီး ဆန်ဈေးမှာ ဧည့်မထ အလတ်စဆန် တစ်အိတ်လျှင် ၆၃၀၀၀ ကျပ်မှ ၆၀၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းပါသည်။
