ပြည်မြို့တွင်ကထိန်ရာသီအတွက် ကြက်သွန်နီ အရောင်းသွက်

Powered by Drupal

     ပြည်ကြက်သွန်နီဈေးကွက်အတွင်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလသည် ကထိန်ရာသီ ဖြစ်သည့်အတွက် ကြက်သွန်နီအရောင်းအဝယ်သွက်လျက်ရှိပါသည်။ပြည်ပွဲရုံများသို့ အောင်လံ မြို့နယ်၊ ဆိပ်ဖြူမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ဘက်မှ ကြက်သွန်နီများ တစ်ရက်လျှင် ပိသာချိန် တစ်သောင်းခွဲခန့် အဝင်ရှိနေကြောင်းသိရပြီး အောင်လံဘက်မှ ကြက်သွန်နီမှ ဈေးချိုသဖြင့် ပိုမိုအရောင်းသွက်လျက်ရှိသည်။ ပြည်ဈေးကွက်မှ တစ်ဆင့် ပန်းတောင်းနှင့် ဥသျှစ်ပင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်နှင့် ပေါက်ခေါင်းနယ်ဘက်တို့မှ ဝယ်ယူမှုများရှိနေပြီး ဒေသတွင်း ပုံမှန်ဝယ်လက်များ၊ အိတ်ဆွဲဝဘ်ရောင်းသမားများနှင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဝင်ရောက်မှု ၏ သုံးပုံနှစ်ပုံအရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ ဈေးနှုန်းမှာ အောင်လံနယ်ဘက်မှ ကြက်သွန်နီ မှာ အရည်အသွေးပိုင်း အနည်းငယ်အားနည်းသဖြင့် တစ်ပိဿာလျှင် ပွဲရုံလက်ကားဈေးမှာ ကျပ် ၁၀၀၀ - ၁၂၀၀ နှုန်းခန့်ရှိပြီး ကျန်အမျိုးအစားကြက်သွန်နီမှာ ပွဲရုံလက်ကားဈေးတစ်ပိဿာလျှင် ကြီး/ လတ်/ သေးကျပ် ၁၆၀၀/၁၅၀၀-၁၄၀၀/၁၃၀၀ နှုန်းတို့နှင့် လက်လီဈေးအသေးများတွင် ကျပ် ၂၀၀၀-၁၉၀၀-၁၈၀၀-၁၇၀၀နှုန်းတို့ဖြင့် အသီးသီးရောင်းဝယ်လျက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)