ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပန်းသီးကို ကမ္ဘာတစ်ဝှမ်းတွင်စိုက်ပျိုးကြပြီး အဓိကအားဖြင့် အေးမြသောရာသီဥတုရှိ သည့်ဒေသများတွင် ပိုမိုကောင်းမွန်စွာဖြစ်ထွန်းသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ပန်းသီး အများဆုံး ထုတ်လုပ်သည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင်ပန်းသီးကို တောင်တန်းဒေသများ ဖြစ်သော ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်များတွင်စိုက်ပျိုးဖြစ်ထွန်းသည်။

မြင်းခြံမြို့ အေးမြသီတာဈေးတွင် ရာသီပေါ်သရက်သီးများကို နှစ်စဉ်မတ်လမှစတင်၍ သရက်သီးပိုးတီများပြုလုပ်၍ ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။

မြင်းခြံမြို့ရှိ အေးမြသီတာဈေးတွင် နေ့စဉ်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများနှင့်စည်ကား လျက်ရှိရာ ကညွတ်ရောင်းချသူဈေးသည်များလည်းအပါအဝင်ဖြစ်ပါသည်။ ကညွတ်သည် မြန်မာ့ ဆေးကျမ်းများအဆိုအရ ချိုအေးသောအရသာရှိ၍ အေးသောဂုဏ်သတ္တိရှိခြင်း၊ သလိပ်ကိုကြေစေ၍ သွေးသည်းခြေကိုနိုင်ခြင်း၊ သွေးလွန်၊ သွေးအန်ခြင်းတို့ကို ပယ်ဖျက်နိုင်ခြင်း၊ အရွက်

မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဉတုရှိပြီး နှစ်ရှည်သီးနှံ များ၊ သီးပင်စားပင်များစိုက်ပျိုးဖြစ်ထွန်းသော မြို့တစ်မြို့ဖြစ်ပါသည်။ မုန့်ညင်းပင်သည် ရာသီမရွေးစိုက်ပျိုး နိုင်ပြီးအအေးပိုင်းဒေသတွင် ပိုမိုစိုက်ပျိုးဖြစ်ထွန်းပါသည်။ပြင်ဦးလွင်ရှိကျေးလက်ဒေသခံ ပြည်သူများ စိုက်ပျိုးသော မုန့်ညင်းစိမ်း၊မုန့်ညင်

ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးလက်နေ တောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံတစ်မျိုးဖြစ်သော သရက်သီးနှံကိုလည်း အများဆုံး စိုက်ပျိုးလာကြပါသည်။ ရာသီချိန် သရက်ကင်းများသည် နှစ်စဉ် ဇန်နဝါရီလတွင် စတင်ထွက်ပေါ်ပြီး ယခုအချိန်တွင် လှိုင်လှိုင်ထွက်ပေါ်၍ သရက်ကင်းများကို စဉ့်ကိုင်
