ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)အတွင်းတွင် နှမ်းနက်(စမုံ)မှာ (၄၅)ပိဿာပါဝင် (၁)အိတ်လျှင် အနိမ့်ဈေး ကျပ်(၃၇၅၀၀၀)၊ အမြင့်ဈေး ကျပ်(၃၈၀၀၀၀)ဈေးနှုန်းဖြင့် (၄၅)ပိဿာဝင် အိတ်(၉၀) အိတ်အရောင်းအဝယ်ဖြစ်ခဲ့ပါကြောင်းနှ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးတွင် မြစ်ငါးအမျိုးမျိုးနှင့် ပုဇွန်တို့ကိုမြို့ပေါ်ရှိ အမှတ်(၃)ရပ်ကွက်မှ ဈေးသည်များနှင့် မြို့အရှေ့ဘက်ကမ်းတွင်တည်ရှိသော မြင်ကွန်းရွာမှဈေးသည်များ အများဆုံးလာရောက် ရောင်းဝယ်ဖောက်ကားလျက်ရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ယခု၂၀၂၄ခုနှစ်တွင် ဝါသီးနှံစိုက်ဧက (၃၅၀၆၆)ကျော်လျာထားပြီး ဇူလိုင်လတွင် စိုက်ဧက(၅၀၀၀)ခန့် စိုက်ပျိုးထားပြီးဖြစ်ကြောင်း မင်းလှမြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံအစုံရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေးကနေ ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုံးသည်အထိ ရောင်းချကြောင်း သိရပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေးကွက်အတွင်းသို့ ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ
