ဘားအံမြို့ရှိ ကြံရည်ဈေးနှုန်း

Powered by Drupal

  ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ် ဘားအံမြို့၏ ဈေးကွက်အတွင်း ကြံရည်ဈေးကွက်မှာလည်း ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။ ကြံကိုဘားအံမြို့အနီးတဝိုက်ကျေးရွာများတွင်တစ် နိုင်တစ်ပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်လည်းစိုက်ပျိုးကြသည်။ ဘားအံမြို့ဈေးကွက်အတွင်း သို့ ဝင်ရောက်လာသော ကြံများမှာ ဘားအံမြို့အနီးရှိကျေးရွာများနှင့် မော်လမြိုင်ဘက် တို့မှဖြစ် သည်။

           ကြံရည်သည် သဘာဝဖျော်ရည်တစ်ခုဖြစ်သည်။ ကြံရည်ကို ရေခဲထည့်ပြီးသောက်လို့ ရသလို သံပုရာသီး၊ ဂျင်း၊ မြင်းခွာရွက်၊ ပူစီနံရွက် နှင့်အခြားအချိုရည် အချိုနဲ့လည်းရောထည့်ပြီးသောက်ရင်း အရသာရှိသလို ရင်အေးသွားစေတဲ့ သောက်စရာသဘာဝ အဟာရအချိုရည် တစ်မျိုးဖြစ်ပါသည်။ အခြားသောက်စရာတွေနဲ့မတူဘဲ သကြားစစ်စစ်ကနေရတဲ့ အချိုရည်ဖြစ်တာကြောင့် ခန္ဓာကိုယ် ရေဓာတ်ကိုလည်းဖြည့်ပေးနိုင်ပါ သည်။

          ကရင်ပြည်နယ်၊ ဘားအံမြို့ဒေသထွက် ကြံဈေးနှုန်းများမှာ၁၀ချောင်းပါ တစ်စည်းဈေးနှုန်း (၁၆၀၀၀)ကျပ်၊ ကြံရည်တစ်ခွက်ဈေးနှုန်း (၁၅၀၀)ကျပ်၊ တို့ဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ကရင်)