ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဂေါ်ဖီထုပ်များ ပြည်မြို့ရှိ ဈေးကွက်အတွင်းသို့ ဝင်ရောက်ရာတွင် ရွှေတောင်မြို့နယ်မှ ဝင်ရောက်လာခြင်းများရှိသကဲ့သို့ ရှမ်းပြည်နယ်ဘက်မှလည်း ဝင်ရောက်လာကြကြောင်းသိရှိရပါသည်။ ဂေါ်ဖီထုပ်ကို ရှမ်းပြည်နယ်ဘက်တွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးပြီး မြေပြန့်ဒေသများ၌ ဆောင်းရာသီတွင် စိုက်ပျိုးကြပါသည်။ ဂေါ်ဖီထုပ်အပင်များကို စတင်စိုက်ပျိုးပြ

ပြည်ခရိုင်တွင် မိုးဆီထွက်သီးနှံများဖြစ်သော နှမ်းနှင့် မြေပဲသီးနှံများမှာ ယခုနှစ် ဩဂုတ်လ လဆန်းပိုင်းမှစ၍ ထွက်ပေါ်လာပြီဖြစ်၍ စက်တင်ဘာလတွင် သီးနှံများလှိုင်လှိုင်ပေါ်ထွက်လာ၍ အရောင်းအဝယ်လည်းဖြစ်လျက်ရှိပါသည်။
မိုးနှမ်းသီးနှံ

၇.၁၀.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံသည် ချောင်းဆုံမြို့နယ်၊ ကုလားဘီကျေးရွာမှ သဘာဝမြေဩဇာလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ နှစ်စဉ်တိုးတက်လျက်ရှိသော ပြည်နယ်တစ်ခုဖြစ်၍ ထွက်ရှိသောရော်ဘာများအား ပြည်နယ်တွင်းဝယ်ယူလျက်ရှိသော လုပ်ငန်းရှင်များ၊ အဝယ်ဒိုင်များ၊ ကုမ္ပဏီများမှစုစည်း၍ ရန်ကုန်/ မန္တလေးရှိ ၎င်းတို့၏ကုမ္ပဏီကြီးများသို့ တင်ပို့ပြီး ပို့ကုန်ကိစ္စရပ်များဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့၌ အောက်တိုဘာလ ၈ ရက်နေ့တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန် ဖြစ်နေသောဈေးမှာ ကြံ့နှစ်ကောင်(အနီ)တစ်အိတ်လျှင် ကျပ် ၁၂၃၀၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ် လျှင် ကျပ် ၁၂၂၀၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၁၂၄၀၀၊ ဖြင့်အရောင်းအဝယ်ဖြစ
