
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သည် ပင်လယ်ရေပတ်လည်ဝန်းရံလျက်ရှိသော မြို့တစ်မြို့ဖြစ်ပြီး ရေငန်ပင်ဖြစ်သောဓနိပင်များ သဘာဝအလျောက် အများအပြားပေါက် ရောက်သောမြို့ဖြစ်သည်။ အဆိုပါ ဓနိပင်များမှ ဓနိပျား၊ ဓနိရည်များထွက်ရှိလျက်ရှိပြီး မြိတ် ဒေသအတွက် အစားအသောက်များတွင် အဓိကအသုံးပြုသော ပအုန်းရည် (သို့)သဘာဝ ရှာလကာရည်များကို ထုတ်ယူကြပါသည်။ ပအုန်းရည်သည် မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် မြစ်ဝကျွန်းပေါ်ဒေသနှင့်ပင်လယ်ကမ်းစပ်အနီးတွင် ပေါက်ရောက်သော ရေငန်ပင်ဖြစ်သည့် ဓနိပင်မှထုတ်ယူရရှိသော ဓနိရည်ကို အချဥ်ဖောက်ထားသော အရည် ဖြစ်သည်။ ၂၀၂၅ခုနှစ် အောက်တိုဘာလ ပထမပတ်တွင် မြိတ်မြို့၌ရောင်းချနေသော ပအုန်းရည်စျေးနှုန်းမှာ ၁လီတာ တစ်ဘူးလျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
