ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
29 Oct 2024

            တောင်ငူမြို့တွင် ကြက်သွန်နီမှာ ယခင်စက်တင်ဘာလနောက်ဆုံးပတ်က တစ်ပိဿာ လျှင် အသေး၂၀၀၀ ကျပ်၊ အလတ် ၂၃၀၀ ကျပ်၊ အကြီး ၂၅၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာ လျှင် အသေး ၂၃၀၀ ကျပ်၊ အလတ် ၂၆၀၀ ကျပ်၊ အကြီး ၃၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ် အထိ ဈေးနှုန်းမြင့်တက်ပါသည်။

29 Oct 2024

     အုန်းပင်သည် အမျိုးအစားအနေဖြင့် ဒေသအလိုက် အမျိုးမျိုးရှိသော်လည်း အခြေခံအားဖြင့် သုံးမျိုးသာရှိကြောင်း သိရှိရပါသည်။ ယင်းတို့မှာ ပင်မြင့်မျိုး၊ ပင်ပုမျိုးနှင့်စပ်မျိူးတို့ဖြစ်ကြသည်။ အပင်ပေါ်ရှိ အုန်းသီးကခြောက်သွေ့သောရာသီတွင် ရင့်မှည့်မှုမြန်ဆန်ပြီး၊ စိုစွတ်သောမိုးရာသီတွင် ရင့်မှည့်မှုကြာတက်ပါသည်။ အုန်းသီးသည်ယေဘုယျအားဖြင့် ခြ

29 Oct 2024

              တောင်ငူမြို့တွင် အာလူးမှာ ယခင်လက တစ်ပိဿာလျှင် အသေး ၃၀၀၀ ကျပ်၊ အလတ် ၃၅၀၀ ကျပ်နှင့် အကြီး ၄၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် အသေး ၅၀၀၀ ကျပ်၊ အလတ် ၆၀၀၀ ကျပ်နှင့် အကြီး ၇၀၀၀ ကျပ်ရှိသဖြင့် တစ်ပိဿာလျှင် ၂၀၀၀ ကျပ် ဈေးတက်ပါသည်။

29 Oct 2024

             ဖြူးမြို့အနောက်ဘက်၊ ပဲခူးရိုးမတောင်ယာတောများတွင် စိုက်ပျိုးသောသီးမွှေးငှက်ပျောသီးများမှာ ဖြူးမြို့စည်ပင်သာယာဈေးတွင် ဈေးကွက်ဖြစ်ထွန်းလျက်ရှိပါသည်။ ဖြူးဒေသထွက် သီးမွှေးငှက်ပျောသီးမှာ အရသာကောင်းမွန်သောကြောင့် ဒေသတွင်းသာမက အခြားမြို့ရွာများတိုင် နာမည်ကျော်လျက်ရှိပါသည်။

29 Oct 2024

          ဖြူးမြို့၊ အနောက်ဘက်ဒေသတွင် လယ်ကြားမြောင်းများမှဖမ်းယူရရှိသော ဒေသငါးများကို ဖြူးမြို့စည်ပင်သာယာဈေးကြီးသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ ယခုလိုမိုးနှောင်းကာလရောက်ချိန်တွင် ဒေသငါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ ဒေသငါးများဖြစ်သည့် ငါးနုသန်း၊ ငါးဘတ်၊ ငါးဖယ်အောင်းငါးများမှာ ယခင်စက်တင်ဘာလနှင့် ယှဉ်လျှင်ဈေးနှုန်းအနည်းငယ်ကျဆင်

Pages