ကန့်ဘလူမြို့တွင် ရောင်းချနေသော ဝက်အူချောင်းဈေးနှုန်း

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ဝက်အူချောင်းများ ရောင်းချလျက်ရှိပါသည်။ ဝက်အူချောင်းများကို ရေဦးမြို့မှ မှာယူရောင်းချလျက်ရှိကြောင်းသိရပါ သည်။

    ဝက်အူချောင်းသည် လျင်မြန်စွာချက်ပြုတ်စားသောက်နိုင်သည့်အတွက်  အချိန်ကုန်သက်သာစေသောအစားအစာတစ်မျိုးဖြစ်ပါသည်။ ဝက်အူချောင်းများကို စားသောက်ဆိုင်များနှင့်ထမင်းဆိုင်များမှလည်းကောင်း၊ အိမ်ရှင်မများဟင်းချက်ရာတွင်လည်းကောင်း အများဆုံးအသုံးပြုကြသည်။

     ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ စတုတ္ထပတ်အတွင်း ဝက်အူချောင်း(၁)ပိဿာ လျှင်(၄၆၀၀၀)ကျပ်၊ ဝက်အူချောင်း(၅၀)ကျပ်သားလျှင် (၂၃၀၀၀)ကျပ်၊ ဝက်အူချောင်း (၁၀)ကျပ်သား လျှင် (၄၆၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ် မရွေးကြိုက်နှစ်သက်သောကြောင့် ရောင်းအားကောင်းကြောင်း ဝက်အူချောင်းရောင်းချသူထံမှ သတင်းရရှိပါသည်။   

DOCA(စစ်ကိုင်း)