ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်သည် ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်တို့ဆုံရာ မြို့နယ်တစ်ခုဖြစ်ပါသည်။ ရေစကြိုမြို့နယ်တွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ၊ အစေ့ထုတ်ပြောင်းနှင့် ဝါသီးနှံများကို စိုက်ပျိုးကြပါသည်။ မိုးသီးနှံများထဲတွင် နိုင်ငံတော်မှ ပြည်တွင်းဖြစ် အဝတ်အထည်များ ထုတ်လုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်အတွင်းရှိ သဲကုန်းကျေးရွာ၊ မြို့ခြံကျေးရွာ၊ ဝဲကြီးကျေးရွာနှင့် သရက်ကုန်းကျေးရွာများတွင် စက်တင်ဘာလမှစ၍ ပိန်းဥများစတင်ထွက်ရှိနေပြီး ပိန်းဥမျက်နှာနီ တစ်ပိဿာ (လက်လီ)(၆၀၀၀)ကျပ်၊ (လက်ကားဈေး)(၅၀၀၀)ကျပ်၊ ပိန်းဥပေါင်တောင် တစ်ပိဿာလျှင် (လက်လီ)(၄၀၀၀)ကျပ်၊ (လက်ကား)(၃၀၀၀)ကျပ်၊ ပိန်းဥသားတက် တစ်ပိသာလျှ

ပေါင်းတည်မြို့နယ် မြို့မဈေးအတွင်း စက်တင်ဘာလနောက်ဆုံးအပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် သား/ ငါးဈေးနှုန်းများမှာ ကြက်သွန်နီအလတ်တစ်ပိဿာ (၁၈၀၀)ကျပ်၊ ကြက်သွန်နီထိပ်စ တစ်ပိဿာ (၂၄၀၀)ကျပ်၊ ကြက်သွန်ဖြူကြူကုတ် တစ်ပိဿာ (၂၄၀၀၀)ကျပ်၊ ရှမ်းမွှာတစ်ပိဿာ (၂၀၀၀၀)ကျပ်၊ ကြက်သွန်ဖြူဥတစ်လုံးတစ်ပိဿာ(၂၅၀၀၀)ကျပ်၊ ငရုတ်ခြောက

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စက်တင်ဘာလမှစ၍ မိုးစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ပေါင်းတည်မြို့နယ်တွင်၂၀၂၄ခုနှစ် မိုးစပါးစိုက်ပျိုးဧက (၇၃၅၁၄) စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာနများမှ သိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၈၂၆၁၀)ကို စိုက်ပျိုးရန်လျာထားခဲ့ရာ လျာထားဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုစက်တင်ဘာလနောက်ဆုံးပတ်တွင် ကောက်စောစပါးများ စတင်ရိတ်သိမ်းနေပြီဖြစ်ရာ ရိတ်သိမ်းပြီးစီးမှုဧက (၅၁၃) ရှိ၍ တစ်ဧကပျမ်းမျှအထွက်နှုန်း ၉၂.၈၄တင်းရှိကြောင်း သိရှိရပါသည်
