ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရှမ်းပြည်နယ် (တောင်ပိုင်း) မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၏ ညနေပိုင်းတွင်သာ ဖွင့်လှစ်ရောင်းချသည့် ညဈေးတန်းတွင် ဒေသထွက်သီးနှံနှင့် အစားအစာများ တစ်နိုင်တစ်ပိုင်ရောင်းချလျက်ရှိပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်အတွင်း ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ ဒုတိယအပတ်မှစ၍ မိုးများခြင်း၊ ရေးကြီးရေလျှံခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ခဲ့ရာတွင် အခြေခံစားသောက်ကုန်များအားရောင်းချရန် အခက်အခဲများဖြစ်ပေါ်ခဲ့ပါသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောခရိုင်၊ အောင်ပန်းမြို့နယ်တွင် ဂေါ်ရခါးသီး(ခေါ်)စူကာသီးများကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အောင်ပန်းဒေသတဝိုက်တွင် ထွက်ရှိလျက်ရှိသော ခရမ်းချဉ်သီးနှံသည် ယခုနှစ် ဇူလိုင်လတွင် တစ်ပိဿာလျှင် (၂၀၀၀-၃၀၀၀)ကျပ်ရှိခဲ့ရာမှ ဩဂုတ်လ နှောင်းပိုင်းနှင့် စက်တင်ဘာလ အစောပိုင်းကာလတို့တွင် ကုန်စည်၏အရည်အသွေးကျဆင်းခြင်း၊ စိုက်ခင်းများရေ နစ်မြုပ်မည်ကိုစိုးရိမ်၍ မရင့်မှည့်မီ ခူးဆွတ်ခြင်းနှင့် လမ်းပန်းဆက်သွယ်ရေ

ပြည်ကုန်စည်ဒိုင်၏ စက်တင်ဘာလတတိယပတ်တွင် မတ်ပဲ၊ ပဲကြီး၊ ပဲတီစိမ်းဈေးများမှာ အေးလျက်ရှိပါသည်။ ပဲစင်းငုံဈေးမှာ ယခုစက်တင်ဘာလတတိယအပတ်တွင် ဈေးကျလျက်ရှိပါသည်။
