
မြန်မာနိုင်ငံရှိ တန်ခိုးကြီးရွှေတိဂုံစေတီတော်သို့ ၂၀၂၅ ခုနှစ် ပထမ ၈ လအတွင်းတွင် လာ ရောက်လည်ပတ်သူ ၄.၆၅ သန်းကျော်ရှိကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ဝင် ဦးဘိုးသင်းက စက်တင်ဘာလ ၁၃ ရက်နေ့တွင် Xinhua သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
လာရောက်လည်ပတ်သူများအနက် နိုင်ငံခြားသားဧည့်သည် ၅၀၀၀၀ ကျော် ရှိပြီး တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှအများဆုံးလာရောက်လည်ပတ်ခဲ့ကြကြောင်း သိရှိရပါ သည်။
ရွှေတိဂုံစေတီတော်ကို မနက် ၄ နာရီမှ ည ၁၁ နာရီအထိနေ့စဉ်ဖွင့်လှစ်ထားကြောင်း သိရှိပါ သည်။
DOCA (ရန်ကုန်)