ပန်းတနော်မြို့နယ်တွင် ငွေပန်းစိုက်ပျိုးမှု မှ မိသားစု အပိုဝင်ငွေရ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ အလယ်ပိုင်းရပ်ကွက်တွင် ရာသီပေါ် ငွေပန်းများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပို ဝင်ငွေရရှိကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူထံက သိရသည်။

     ကျေးလက်ဒေသများတွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်းအမျိုးမျိုး၊ နှင်းဆီ၊  စံပယ်၊ ဇွန်ပန်းများ စိုက်ပျိုးကြသည့်အပြင် ငွေပန်းပင်များကို စိုက်ပျိုးထားကြကြောင်း၊ အခြားပန်းများ သည် မြေအောက်ရေ ပေးသွင်းရပြီး ငွေပန်းသည် ရေအစိုဓာတ်ရှိသည့် မြေကွက်များတွင် စိုက်ပျိုးရသည် ဖြစ်ကြောင်း၊ လက်တက်ပွားဥများ၊ အမြစ်များပါရှိသဖြင့် ငွေပန်းကို တစ်ကြိမ်သာ စိုက်ပျိုးထားပါက အပင်များ ပွားများလာကြောင်း၊ စိုက်ပျိုးပြီး (၇)လအကြာတွင် ပန်းဖူး၊ ပန်းပွင့်များ စတင်ခူးယူရရှိနိုင်ကြောင်း၊ သဘာဝအလျှောက်အပင်ဖြစ်ထွန်း၍ အပွင့်ပွင့်သော  ကြောင့် အပင်အားဆေး၊ အပွင့်အားဆေးနှင့် ပိုးသတ်ဆေးဝါးများ အသုံးမပြုရကြောင်း၊ ခုလိုမိုးရာသီတွင် အပင်ပိုမိုဖြစ်ထွန်း၍ အပွင့်များစွာရရှိကြောင်းနှင့် ငွေပန်း (၅)ပွင့်တစ်ကုံးလျှင် (၅၀၀) ငွေပန်း ၃ပွင့်ပါ ၅စီးတစ်ကုံးလျှင် ၂၅၀၀ ကျပ် ရောင်းချရတဲ့အတွက် ရန်ကုန်-မအူပင် ကားဆွဲသူများထံနှင့် မအူပင်မြို့သို့ ပေးပို့ ရောင်းချနေရ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း ငွေပန်းစိုက်ပျိုးရောင်းချသူ မသိမ့်ကပြောသည်။

DOCA(ဧရာဝတီ)