Languages

ဆန်ဈေးကွက်များ မတည်မငြိမ်ဖြစ်ပေါ်နေသည့်အကြား ဗီယက်နမ်နိုင်ငံက အမျိုးသားတံဆိပ် အမှတ်အသားတည်ဆောက်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်

Powered by Drupal

လတ်တလောကာလတွင် အိန္ဒိယ၏ ဆန်တင်ပို့မှုတားမြစ်ခဲ့မှုကြောင့် ကမ္ဘာ့ဆန်ဈေးကွက် တွင် ဆန်များသိုလှောင်စုဆောင်းခြင်းနှင့် အထိတ်တလန့်ဝယ်ယူခြင်းများနှင့်အတူ ဗီယက်နမ်နိုင်ငံ ၏ ဆန်တင်ပို့မှုကို တိုးမြင့်လာစေသည့် သိသာထင်ရှားသော အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့သည်။

ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့်နိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံအနေဖြင့် ဈေးကွက် များကမောက်ကမဖြစ်နေမှုကြောင့် အမျိုးသားတံဆိပ်အမှတ်အသား တည်ဆောက်ခြင်းမှတစ်ဆင့် နိုင်ငံ၏ဂုဏ်သိက္ခာကို တိုးမြင့်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်ဟူသောအချက်မှာ အရေးကြီး သောအချက်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံ အထွေထွေအကောက်ခွန်ဌာန၏ ဩဂုတ်လ ၁၅ ရက်နေ့ ကိန်းဂဏန်း အချက်အလက်များအရ ပြည်ပသို့ ဆန်တန်ချိန် ၅.၃၅၁ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂.၈၈၃ ဘီလီယံဖိုးတင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ အိန္ဒိယနိုင်ငံမှ တားမြစ်ပိတ်ပင်ခဲ့ပြီးနောက် ဩဂုတ်လ ပထမလဝက်ကာလတွင် ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုမှာ တန်ချိန် ၄၅၆,၇၆၈ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆၆ သန်းရောက်ရှိခဲ့ကြောင်း၊ ဖော်ပြပါကာလတွင် ပျှမ်းမျှ ဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် ၅၈၂ ဒေါ်လာဖြစ်ခဲ့ပြီး ၂ဝ၂၃ ခုနှစ် ပထမ (၇) လအတွင်း ပျှမ်းမျှ ဈေးနှုန်းထက် တစ်တန်လျှင် ၄၈ ဒေါ်လာပိုမိုတိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံ ဆန်ဈေးကွက် သတင်းအချက်အလက်ဆန်းစစ်သည့် ကုမ္ပဏီဖြစ်သည့် SSResource Media Pte.Ltd အား ပူးတွဲတည်ထောင်သူ Phan Mai Hương က ဩဂုတ်လတွင်  ဖြစ်ပေါ်ခဲ့သည့်  ဆန်ဈေးနှုန်းမတည်ငြိမ်မှုများ၏  အဓိကအကြောင်းရင်းမှာ  ကြားခံအဆင့်များ ကြောင့်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံအပြင် ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့ရှိ တင်ပို့သူအများစုမှာ ဆန် ဈေးနှုန်း မတည်မငြိမ်ဖြစ်မှုများကြောင့် ယခင်ဈေးအနိမ့်ဖြင့် ချုပ်ဆိုခဲ့သည့်အရောင်းစာချုပ်များ အတွက် ဈေးအမြင့်ပေးဝယ်ယူရသည့် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ လတ်တလော ကာလများတွင် ဆန်ဈေးနှုန်းများမှာ စတင်ကျဆင်းလျက်ရှိပြီး ထိုင်းဆန်မှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၂ဝ နှင့် ဗီယက်နမ်ဆန်မှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃ဝ ရှိကြောင်းနှင့် ဆန် ဝယ်ယူမှု ပမာဏမှာ အနည်းငယ်သာရှိကြောင်း ပြောကြားခဲ့ပါသည်။

အိန္ဒိယအစိုးရက စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ဖွင့်ပေးထားသောကြောင့် ဆန်တင်ပို့မှု ကို တားမြစ်ထားသော်လည်း ဆန်ပြတ်လပ်မှုမရှိကြောင်း၊ လက်ရှိကာလတွင် ဆန်ဈေးနှုန်းများကို ခန့်မှန်းရန် ခက်ခဲလျက်ရှိပြီး ထိုသို့ဖြစ်ရခြင်းမှာ အိန္ဒိယနိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ဆန်စပါး ရိတ်သိမ်းမှုအ‌ပေါ် အကျိုးသက်‌ရောက်မှုနှင့် အိန္ဒိယနိုင်ငံ၏ ဆန်ပိတ်ပင်မှုလမ်းဖွင့်ပေးမည့် ကာလ တို့အပေါ် တည်မှီနေသောကြောင့်ဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀ ထက်မနည်းသည့် ဆန် စျေးနှုန်းတစ်ခုကို သတ်မှတ်ပေးခဲ့ပြီး ၂ဝ၂၃ ခုနှစ်အတွင်း အဆိုပါဈေးနှုန်းကို ထိန်းသိမ်းထားနိုင် မည်ဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံ၏ ဆန်ထုတ်လုပ်မှုမှာ အသေးစားထုတ်လုပ်မှုများသာဖြစ်ပြီး တစ်စုတစ်စည်းတည်းမရှိခြင်းတို့ကြောင့် ဆန်တင်ပို့ရန်နှင့် ဆန်အရည်အသွေးထိန်းချုပ် ဆောင်ရွက် ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်မှုဝန်ကြီးဌာနဝန်ကြီး Nguyen Hong Dien က ဗီယက်နမ် နိုင်ငံအနေဖြင့် ဆန်စပါးစိုက်ပျိုးရေးကဏ္ဍကို ပြန်လည်တည်ဆောက်နိုင်ရန် စပါးအထွက်နှုန်း ကောင်းမွန်၍ ဆန်အရည်အသွေးကို တိုးတက်စေရေးတို့အတွက် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူဖြစ်စေပြီး အမျိုးသားတံဆိပ် အမှတ်အသားကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ တံဆိပ်အမှတ်အသားနှင့်ယှဉ်ပြိုင်မှုမဟာဗျူဟာအဖွဲ့အစည်း၏ ညွှန်ကြား ရေးမှူးဖြစ်သူ Vo Tri Thanh က ဗီယက်နမ်နိုင်ငံသည် အရေးပါသောဆန်တင်ပို့သည့်နိုင်ငံဖြစ် သဖြင့် အမျိုးသားတံဆိပ်အမှတ်အသားတည်ဆောက်ရန် အခွင့်အလမ်းကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source: Vietnam News, September 05, 2023(လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)