Languages

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီမဟုတ်သောဆန်တင်ပို့မှုပိတ်ပင်ခြင်း အပေါ် မေးခွန်းထုတ်လျက်ရှိ

Powered by Drupal

၂ဝ၂၃ ခုနှစ် ဇူလိုင်လတွင် အိန္ဒိယနိုင်ငံက ဘာစမာတီမဟုတ်သောဆန် တင်ပို့မှုကို တားမြစ် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့မှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်ကြ သော အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနှင့် ဂျပန်နိုင်ငံတို့က မေးခွန်းများထုတ်လျက်ရှိကြပြီး အိန္ဒိယနိုင်ငံ၏ပြည်တွင်းလိုအပ်ချက်အတွက် ဆန်ပမာဏမည်မျှဆိုလျှင်လုံလောက်မည်ဟူသည့် အချက်အပေါ် ရှင်းလင်းပြောကြားရန် တောင်းဆိုခဲ့ကြပါသည်။ ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ၂ဝ၂၂ ခုနှစ်တွင် ဂျုံနှင့်ဆန်ကွဲတို့အပေါ် တင်ပို့မှုတားမြစ်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ကြာမြင့်မည့်အချိန်ကာလ နှင့် အဆိုပါကန့်သတ်ချက်များသည် ယာယီကျင့်သုံးခြင်းသာဖြစ်သည်ဟူသော အကောက်ခွန်နှင့် ကုန်သွယ်မှုဆိုင်ရာအထွေထွေသဘောတူညီချက် (General Agreement on Tariffs and Trade-GATT) ပါ စည်းမျဉ်းကို လိုက်နာဆောင်ရွက်ကြောင်း လက်ရှိကျင့်သုံးသည့်လုပ်ထုံးလုပ်နည်းတို့ ကိုလည်း ရှင်းလင်းပြောကြားသွားရန် အဆိုပါနိုင်ငံများက တောင်းဆိုခဲ့ကြပါသည်။

အိန္ဒိယနိုင်ငံသည် ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ကျင်းပ ပြုလုပ်မည့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ လယ်ယာစိုက်ပျိုးရေးကော်မတီအစည်းအဝေးတွင် ဖော်ပြ ပါမေးခွန်းများနှင့်စပ်လျဉ်း၍ ပြန်လည်ဖြေကြားသွားရမည်ဖြစ်ပါသည်။ ဘာစမာတီမဟုတ်သည့် ဆန်ဖြူတင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်ကြောင်း ကြေညာလွှာတွင် အိန္ဒိယဈေးကွက်တွင် ဘာစ မာတီမဟုတ်သောဆန်ဖြူကို လုံလောက်စွာရရှိရန်နှင့် ပြည်တွင်းဈေးကွက်တွင် ဆန်ဈေးနှုန်း ကြီးမြင့်နေမှုကို လျော့နည်းသက်သာစေရန်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံက ဖော်ပြထားပါသည်။ မီဒီယာအစီရင်ခံစာတွင်မူ အိန္ဒိယနိုင်ငံသည် လက်ရှိကာလတွင် ပြည်တွင်းဝယ်လိုအားကို ပြည့်မီ နိုင်သည့် လုံလောက်သောရောင်းချမှုများရှိနေကြောင်း လယ်ယာစိုက်ပျိုးရေးကော်မတီသို့ တင်ပြ လာသည့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံတို့၏ မေးခွန်းလွှာတွင် ဖော်ပြထား ပါသည်။

အဆိုပါ (၄) နိုင်ငံ၏မေးခွန်းလွှာတွင် ၂ဝ၂၃ ခုနှစ်ဩဂုတ်လ၌ အမေရိကန်လယ်ယာ စိုက်ပျိုးရေးဦးစီးဌာန၏ထုတ်ပြန်မှုအရ ၂ဝ၂၃-၂ဝ၂၄ တွင် အိန္ဒိယနိုင်ငံ၏ဆန်စိုက်ပျိုးထုတ်လုပ်မှု မှာ တန်ချိန်အားဖြင့် ၁၃၄ သန်းရှိပြီး ကုန်လက်ကျန် ၃၆ သန်းရှိကြောင်းနှင့် အိန္ဒိယနိုင်ငံအနေဖြင့် ပြည်တွင်းဈေးကွက်တွင် ဘာစမာတီမဟုတ်သောဆန်ဖြူပမာဏမည်မျှကို လုံလောက်သည်ဟု သတ်မှတ်ကြောင်းနှင့် ဆန်ကုန်လက်ကျန်ပမာဏမည်မျှကို ပြည်တွင်းဝယ်လိုအားလိုအပ်ချက် အတွက် ပြည့်မီသည်ဟု သတ်မှတ်ကြောင်းတို့ကို ဖြေကြားစေလိုကြောင်း မေးမြန်းထားပါသည်။ မေးခွန်းလွှာတွင် အိန္ဒိယနိုင်ငံသည် ၂ဝ၂၂ ခုနှစ်မေလတွင် ဂျုံနှင့် ၂ဝ၂၂ ခုနှစ်စက်တင်ဘာလတွင် ဆန်ကွဲတို့အပေါ် ပို့ကုန်တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့ကြောင်း၊ မည်သည့်အချိန်ကာလအထိ ဆက် လက်တားမြစ်ပိတ်ပင်မည်ကို ပြောကြားစေလိုကြောင်းနှင့် လက်ရှိဖြစ်‌ပေါ်နေသော စားနပ်ရိက္ခာ ဖူလုံမှုအကြပ်အတည်းအချိန်ကာလတွင် ပို့ကုန်ကန့်သတ်သည့်နည်းလမ်းများကို အချိန်နှင့်တပြေး ညီပွင့်လင်းမြင်သာစွာဆောင်ရွက်စေလိုကြောင်း ဖော်ပြထားပါသည်။

အဆိုပါနိုင်ငံများက အိန္ဒိယနိုင်ငံအနေဖြင့် လက်ရှိကာလအထိ ဂျုံသီးနှံအပေါ် ၁၆ လနှင့် ဆန်ကွဲအပေါ် ၁ နှစ် တင်ပို့မှုကို တားမြစ်ပိတ်ပင်ခဲ့သည်ဟု သိရှိရကြောင်း၊ အိန္ဒိယနိုင်ငံ အစိုးရ သည်မမျှော်မှန်းနိုင်သောအပူလှိုင်းဖြတ်ခဲ့မှုကြောင့် ဂျုံသီးနှံများ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်း ဈေးကွက်တွင် ဂျုံသီးနှံပြတ်လပ်မှုမဖြစ်ပေါ်စေရန် ၂ဝ၂၂ ခုနှစ်မေလတွင် ဂျုံတင်ပို့မှုကို တားမြစ် ပိတ်ပင်ခဲ့ကြောင်းနှင့် အဆိုပါအချိန်ကာလမှစတင်၍ ဂျုံသီးနှံအပေါ် တားမြစ်ပိတ်ပင်မှုမှာ ဆက်လက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။ ၂ဝ၂၃ ခုနှစ်စက်တင်ဘာလ ၉ ရက် နေ့တွင် အိန္ဒိယနိုင်ငံသည် ဆန်ကွဲတင်ပို့မှုအပေါ် တားမြစ်ပိတ်ပင်ခဲ့ပြီး စပါး၊ ဆန်ညို (အခွံပါ) နှင့် တစ်ဝက်ကြိတ်ခွဲဆန် သို့မဟုတ် အပြည့်အဝကြိတ်ခွဲဆန်တို့အပေါ် ပို့ကုန်ခွန် ၂ဝ ရာခိုင်နှုန်း ကောက်ခံခဲ့ပါသည်။

Source: The Hindu Business Line, September 26, 2023. (လယ်ယာထွက်ကုန်များနှင့်အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက် စောင့်ကြည့်လေ့လာရေးအဖွဲ့)