စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ် energy star /energy label များအကြောင်းသိကောင်းစရာ

Powered by Drupal
Thu, 10/05/2023 - 11:37 -- consumer_admin

     နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု အပိုကုန်ကျစရိတ်များ လျော့နည်းသက်သာစေရေးအတွက် လျှပ်စစ်ဓာတ်အားနှင့်သက်ဆိုင်သည်များတွင် စနစ်တကျသုံးစွဲခြင်း၊ ပြောင်းလဲပြင်ဆင် အသုံးပြုခြင်း၊ ခြိုးခြံချွေ တာသုံးစွဲခြင်းဖြင့် ကောင်းကျိုးများတိုးပွားလာနိုင်သည်ဖြစ်ရာ နေ့စဉ်မဖြစ်မနေ သုံးစွဲနေရသည့် လျှပ်စစ်မီးမှ အစပြု၍ ပိုမိုကောင်းမွန်သည့် ချွေတာရေးနည်းစနစ်များကို ပြောင်းလဲပြင်ဆင် အသုံးပြုနိုင်ရန်အတွက် နိုင်ငံတော်၏ လမ်းညွှန်မှုဖြင့် ကြိုးစားဆောင်ရွက်နေသည့် ယနေ့ကာလတွင် စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ်များကို ရွေးချယ်ဝယ်ယူခြင်းနည်း လမ်းများဖြင့်လည်း စွမ်းအင်လျှော့ချသုံးစွဲမှုကို အထောက်အကူဖြစ်စေနိုင်ပါသည်။

စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ်(energy star)ဆိုတာဘာလဲ

   စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ်(energy star) ဆိုသည်မှာ စွမ်းအင်သက်သာသည့် လူသုံးကုန်ပစ္စည်းများအတွက် သတ်မှတ်ထားသည့် နိုင်ငံတကာ အသိအမှတ်ပြု အမှတ်အသားဖြစ်ပြီး ၎င်းအမှတ်အသားပါသည့် ကုန်ပစ္စည်းများကို ရွေးချယ်သုံးစွဲခြင်းဖြင့် မီတာခသက်သာစေနိုင်သည့် နိုင်ငံတကာ အသိမှတ်ပြုကုန်ပစ္စည်း၊ကုန်အမှတ်တံဆိပ်များ ဖြစ်ပါသည်။energy star တံဆိပ်တချို့မှာ-

   စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ်(energy label)ဆိုသည်မှာ ပစ္စည်း၏ စွမ်းအင်သုံးစွဲမှုနှုန်း ကို ဖော်ပြသည့် အမှတ်အသားဖြစ်ပါသည်။ထုတ်လုပ်သည့်နိုင်ငံနှင့် ကုန်ပစ္စည်းအလိုက် အမှတ်အသားပုံစံကွဲပြားမှုရှိပြီး တွေ့ရများသော energy label တချို့မှာ -

            ပတ်ဝန်းကျင်ဆိုင်ရာဟန်ချက်များအပေါ် ဆိုးကျိုးသက်ရောက်မှုများကို ထည့်သွင်းစဉ်းစားလျှင် အသုံးပြုသောစွမ်းအင်ပမာဏနှင့်စွန့်ပစ်ပစ္စည်းများ၏အခန်းကဏ္ဍသည် ပိုမိုအရေးကြီးလာသည်။ စီးပွားရေးလုပ်ငန်းများရှိ ထုတ်လုပ်မှု လုပ်ငန်းများနှင့် အိမ်များတွင် သုံးစွဲသည့် ကုန်ပစ္စည်းများ၏ ပုံစံများပြုလုပ်ရန်ရိုးရှင်းသော အပြောင်းအလဲအနည်းငယ်သည် စွမ်းအင်သုံးစွဲမှုကို လျှော့ချ နိုင်ပြီးစွမ်းအင်ကိုပိုမိုချွေတာခြင်းနှင့် အကျိုးရှိစွာသုံးစွဲနိုင်သည်။ ၎င်းသည်ကုန်ကျစရိတ် သက်သာခြင်းနှင့်သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရန်အလွန်အရေးကြီးသောချဉ်းကပ်နည်း ဖြစ်သည်။

      စွမ်းအင်ထိရောက်မှုဆိုသည်မှာစက်လည်ပတ်ခြင်း၊ အလင်းကိုဖွင့်ခြင်းသို့မဟုတ် ရေအပူပေး ခြင်း စသည့် မည်သည့်လုပ်ဆောင်မှုမျိုးမဆိုစွမ်းအင်သုံးစွဲမှုနည်းသည်။ ဥပမာအားဖြင့် စွမ်းအင် သည် ခလုတ်ကိုနှိပ်ခြင်းဖြင့်အခန်းကိုလင်းစေနိုင်သည်။ သို့သော် အကယ်၍ သင်သည် incandescent light bulb ဟုခေါ်သည့်အဟောင်း အမျိုးအစားမီးသီးအစား ပိုမိုထိရောက်သော မီးသီးသို့ပြောင်းပါက တူညီသောအလင်းရောင် ပမာဏကို ထောက်ပံ့ပေးမည် ဖြစ်သော်လည်း သုံးစွဲသည့် စွမ်းအင်လျော့နည်းလိမ့်မည်။

     စွမ်းအင်ထိရောက်မှုကိုထောက်ပံ့သောထုတ်ကုန်များ၊ ၀န်ဆောင်မှုနှင့် ဒီဇိုင်းမျိုးစုံရှိသည်။ စီးပွားရေးလုပ်ငန်းတစ်ခုတွင် ဟောင်းနွမ်းပြီးခဲယဉ်းသောစက်များ အသုံးပြုခြင်းသည် စွမ်းအင်သုံးစွဲ မှုကိုတိုးပွားစေသည်။ တတ်နိုင်သမျှ ဤစက်များကိုနည်းပညာထုတ်ကုန်အသစ်များဖြင့် အစားထိုးရန် လိုအပ်ရာ energy star/energy label အမှတ်တံဆိပ်ပါသည့် အမှတ်တံဆိပ်များကို ရွေးချယ် ဝယ်ယူသုံးစွဲခြင်းဖြင့် စွမ်းအင်သုံးစွဲမှုကို အထိုက်အလျောက် လျော့ချသုံးစွဲနိုင်မည်ဖြစ်သည်။

ထုတ်လုပ်သည့်နိုင်ငံနှင့် Brand

     Energy label /star များကို အာရှနိုင်ငံများ အထူးသဖြင့် ထိုင်း၊စင်ကာပူ၊အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှ တင်သွင်းသောကုန်ပစ္စည်းများတွင် အများဆုံးတွေ့ရှိလေ့ရှိပါသည်။

Energy star အသိအမှတ်ပြုလက်မှတ်များ

    Energy star စွမ်းအင်ချွေတာမှု ပစ္စည်းအမျိုးအစားများကို အမေရိကန်နိုင်ငံ ပတ်ဝန်းကျင် ထိန်းသိန်းရေးအေဂျင်စီ မှ ၁၉၉၂တွင် စတင်မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ အစီအစဉ်ကိုလျှပ်စစ် စွမ်းအင်သုံးပစ္စည်းများ စွမ်းအင်လျှော့ချ သုံးစွဲနိုင်ရန်အတွက် စွမ်းအားတူ စွမ်းအင်လျော့နည်းစွာ အသုံးပြုနိုင်သည့်လျှပ်စစ်ပစ္စည်းများ ပိုမိုထုတ်လုပ်နိုင်ရန် ရည်ရွယ်ပါသည်။

ဈေးနှုန်းသက်သာမှုနှင့် စွမ်းအင်ချွေတာနိုင်မှု

      Energy Star  ပါသောပစ္စည်းနှင့် Energy Star  မပါသောပစ္စည်းအကြား ဈေးနှုန်းသက်သာမှုနှင့် စွမ်းအင်သက်သာမှုတို့ကို နှိုင်းယှဉ်တွက်ချက်ရာတွင် ဥပမာ-  ရေခဲသေတ္တာများ၏ Energy Star  အမှတ်တံဆိပ်ပါသော ပစ္စည်းနှင့် Energy Star  အမှတ်တံဆိပ်မပါသော ပစ္စည်းကိုနှိုင်းယှဉ် တွက်ချက်ရာတွင် -

 

စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ်

ပါ

မပါ

အရွယ်အစားပမာဏ(litre)

၁၈၀

၁၈၀

ဓာတ်အား(watt)

၅၀

၉၀

ဈေးနှုန်း(ကျပ်)

၂၁၄၀၀၀

၁၉၆၀၀၀

အာမခံနှစ်(နှစ်)

 

          Energy Star  ပါသောရေခဲသေတ္တာသည် မပါသောရေခဲသေတ္တာထက် ၁၈၀၀၀ကျပ်ပိုများ သည်ကို တွေ့ရှိရသည်။၎င်းပိုများသောငွေ ၁၈၀၀၀ကျပ် ပြန်လည်ရရှိချိန်ကို တွက်ချက်ရာတွင်-

 

စွမ်းအင်ချွေတာနိုင်မှုအမှတ်တံဆိပ်

ပါ

မပါ

တစ်နှစ်သုံးစွဲမှု(Kwh/yr)

၄၃၈

၇၈၀

ဈေးနှုန်း(ကျပ်)

၂၁၄၀၀၀

၁၉၆၀၀၀

တစ်နှစ်လျှပ်စစ်ဓာတ်အားခ(ကျပ်)စ်နှစ်လျှပ်စစ်ဓာတ်အား

(ကျပ်) တစ်နှစ်စွမ်းအင်သုံးစွဲမှုxလျှပ်စစ်မီတာခနှုန်းထား

(၄၃၈x၄၀)

=၁၇၅၂၀

(၇၈၈x၄၀)

=၃၁၅၂၀

ပိုပေးရငွေပြန်လည်ရရှိချိန်     =        ဈေးနှုန်းခြားနားချက်

တွက်ချက်ခြင်း                             တစ်နှစ်လျှပ်စစ်ကုန်ကျစရိတ်ခြားနားချက်

                                         =        (၂၁၄၀၀၀  -   ၁၉၆၀၀၀) ကျပ်

                                                   (၃၁၅၂၀   -  ၁၇၅၂၀)  ကျပ်/နှစ်

                                        =        ၁ နှစ် နှင့် ၂လ ခန့်

    ဝယ်ယူစဉ်က ပိုပေးရသောပိုက်ဆံ ၁၈၀၀၀ကျပ်ကို တစ်နှစ်ကျော်တွင် ပြန်လည်စရိတ်ကျေမည်ဖြစ်ပြီး ၎င်းနောက်ပိုင်းတွင်လည်း Energy Star  မပါသောရေခဲသေတ္တာထက် နှစ်ပေါင်း များစွာအတွက် လျှပ်စစ်စရိတ်သက်သာသွားမည်ကို တွေ့ရှိရသည်။

    ဤအခြေနေတွင် Energy Star  ပါသော ရေခဲသေတ္တာသည် Energy Star  မပါသော ရေခဲသေတ္တာထက်တစ်နှစ်လျှင် လျှပ်စစ်မီတာခ(၃၁၅၂၀-၁၇၅၂၀=၁၄၀၀၀) ကျပ်ပိုမိုသက်သာပြီး warranty (၅) နှစ် ရှိသောကြောင့် (၅) နှစ်ကြာလျှင် (၇၀၀၀၀) ကျပ်သက်သာမည် ဖြစ်ပါသည်။

  ထို့ကြောင့် ကနဦးဝယ်ယူချိန်တွင် ပစ္စည်းဈေးနှုန်းသက်သာမှု တစ်ခုတည်းကိုသာ မကြည့်သင့်ဘဲ နောက်ပိုင်းစွမ်းအင်ကုန်ကျစရိတ်သက်သာမှုကိုပါ ထည့်သွင်းစဉ်းစားဝယ်ယူသင့်သည့်အပြင် စွမ်းအင်သက်သာမှုအမှတ်တံဆိပ်များကို ရွေးချယ်ဝယ်ယူနိုင်ကြပြီး နည်းပညာမြင့် အမှတ်တံဆိပ်များကို အသုံးပြုခြင်းဖြင့် စွမ်းအင်ပိုမိုချွေတာနိုင်ပြီး ကောင်းမွန်သော လူနေမှုအဆင့်အတန်းမြင့်မားသည့် smart country ဖြစ်လာနိုင်စေရေး အကြံပြုရေးသားလိုက်ရပါသည်။

DOCA(မန္တလေး)